Part-6

3.8K 220 3
                                    

လည်မျိုတက်နင်းခံရသလို မွန်းကြပ်မှုနှင့်အတူ အသက်ရှုကြပ်နေသည့်ခံစားချက်ကြောင့် အိပ်နေရာမှ မျက်လုံးကို ဆတ်ခနဲဖွင့်လိုက်တယ်။

နေထိုးနေတဲ့ မျက်နှာကျက်ကို တန်းမြင်ရပြီး ချက်ချင်းသတိထားမိလိုက်တာက အသက်ရှုကြပ်နေသည်မှာ အိပ်မက်မဟုတ်ပဲ လည်ပင်းကိုညှစ်ထားတဲ့ လက်နှစ်ဖက်ရဲ့အထိအတွေ့ကိုပါ အတိုင်းသားခံစားနေရသည်။

မျက်လုံးကိုဘေးဘီဝဲယာ ကစားကြည့်‌လိုက်တော့ မိမိကို မျက်လုံးပြူးကာ ကြည့်နေသည့်....

"ခွန်းသူရိယ!!"

သူမကိုလည်ပင်းညှစ်ထားသူမှာ ခွန်းသူရိယပင်။
သူ့လက်ကို ရတီခလှမ်းကိုင်လိုက်ပြီး..။

"ဘာလုပ်နေတာလဲ!!ငါ့ကိုလွှတ်!!"

သူမအော်သံကို ဖြုံပုံမရတဲ့ ထိုသကောင့်သမီးက တုပ်တုပ်မလှုပ်သည့်အပြင် လည်ပင်းညှစ်ထားတဲ့လက်တို့မှာ ပို၍ပင်တင်းကြပ်လာခဲ့သည်။

"အဟွတ် အဟွတ်!"

ရုန်းသော်လည်း ခွန်းသူရိယက သန်လွန်းသည်မို့
အရာမထင်ခဲ့။

ရတီခ သူ့ကိုမယုံနိုင်သည့်မျက်လုံးများဖြင့်
ကြည့်လိုက်ရင်း...

သူ..သူ..ငါ့ကိုအသေသတ်ဖို့ကြံနေတာလား..

ထိုသို့တွေးနေတုန်းမှာပဲ ခွန်းသူရိယက လက်ကိုပြန်ရုတ်သွားတယ်။

ရတီခအခုမှ အသက်ကိုဝဝရှူနိုင်တော့သည်။

"နင်..နင်ငါ့ကိုတစ်ကယ်ပဲ‌သတ်တော့မလို့လား"

"ဟက် နင့်ကိုသတ်ပြီးဘာလုပ်ရမှာလဲ"

"အခုပဲငါ့ကိုလည်ပင်းညှစ်လိုက်တာမလားလို့!?"

"ဟုတ်တယ်လေ"

"အဲ့တာအသေသတ်နေတာမဟုတ်လို့ဘာလဲ!"

"နင်ထပ်ပြီးအော်ပြောလို့ကတော့ ငါတစ်ကယ်သတ်မိမှာ"

သူ့စကားကြောင့် ရတီခတံတွေးမျိုချလိုက်သည်။

"ဘာလို့အဲ့လိုလုပ်ရတာလဲ"
"ငါနင့်ကိုဘာအမှားမှလည်းမလုပ်ထားဘူးလေ"

"အာ..အမှားလုပ်ထားလို့မဟုတ်ပဲ"
"နင့်လည်ပင်းက ဖြူစွတ်နေတော့ ညှစ်လိုက်ရင် လက်ရာက ထင်းနေမှာပဲဆိုပြီး..."

Obsessive LoveWhere stories live. Discover now