"အဲ့တာသူ့နာမည်လားဟင်"
"ခွန်းဆိုတာသူ့နာမည်လား"သတိမေ့ပြီး မမလေးခွန်းလို့ပြောလိုက်မိတယ်။မိမိအား နာမည်ကိုမပြောရန်မှာထားသည်မဟုတ်ပါလား။
တုံးလိုက်တဲ့ငါ..
"ကျ..ကျွန်မ လုပ်စရာလေးရှိသေးလို့ မမလေးခိုင်းစရာမရှိတော့ရင်..ခွ..ခွင့်ပြုပါ..အုံး"
မေးခွန်းကိုရှောင်ဖို့ စကားလမ်းကြောင်းလွှဲလိုက်ပေမဲ့ ထင်သလောက်မလွယ်ကူခဲ့။
"နေပါအုံး မမနွယ်ရဲ့"
လက်ကိုဆွဲကိုင်လာတဲ့ မမလေးရတီခ။
နွယ်လေးကိုယ်တစ်ချက်တွန့်သွားတယ်။
ပိုပြီးအံ့ဩဖို့ကောင်းတာတစ်ချက်က မမလေး သူမကိုခေါ်သည့်နာမ်စား။မမနွယ်တဲ့..
"အာ..အစ်မဟုတ်တယ်မလား..ကျွန်မထက်ကြီးတယ်မလား"
"ဟ..ဟုတ် ကြီးပါတယ်"
"တော်ပါသေးရဲ့ ငယ်တဲ့သူကိုအစ်မလို့ခေါ်မိနေတာလားလို့"
စကားတွေပြောနေသည့်တိုင် မမလေးက သူမလက်ကိုကိုင်ထားတုန်းပင်။
နွယ်လေးမှာ ရုန်းလည်းမရုန်းရဲတာမို့ မလှုပ်မယှက်သာရပ်နေရတယ်။
"ဘာလို့လဲဟင်"
"ဘာလို့သူ့နာမည်ကိုကျွန်မကိုမပြောပြရတာလဲ""အဲ့..အဲ့တာက"
"သူကမပြောပြခိုင်းလို့လား"
မျက်ခုံးတွေအနည်းငယ်တွန့်ချိုးနေတဲ့
မမလေးရတီခ။ကြည့်ရတာ စိတ်ရှုပ်ထွေးနေပုံရသည်။
"မဟုတ်ပါဘူး"
"ရှင်?ဘာပြောလိုက်တာလဲအစ်မ"
နွယ်လေးရဲ့အသံက ပုံမှန်ကကို တိုးလွန်းတာ။
မမလေး မကြားတာတော့ မထူးဆန်းနေ။"ဘာ..ဘာမှမဟုတ်ပါဘူး"
"အယ်..ပြောလိုက်တာသေချာနေတာကို"
"ကျွန်မ..တစ်ကယ်ဘာမှမပြောပါဘူး"
သူမဆီရောက်လာတာ မမလေးဆီက သံသယအကြည့်တွေ။
အဲကွန်းခန်းထဲမှာတောင် ချွေးပျံလာရတယ်။
"ထားပါတော့"
"ကျွန်မမေးတာကိုဖြေအုံးလေ"
"သူကမပြောခိုင်းလို့လားလို့"
"အဲ့ ခွန်း ဆိုတဲ့ တစ်ယောက်က"