"ရှင့်ကိုကျွန်မဘာပြောထားလဲ ကိုတိုးမောင်!"
"အဲ့အရည်တွေမသောက်ပါနဲ့တော့လို့
ပြောထားတယ်မလား ဟမ်!"ခပ်ပါးပါး အိမ်နံရံတွေကြောင့် အခန်းထဲက အမေတို့ရဲ့အသံတွေကို အိမ်ရှေ့ခန်းကနေတောင် အတိုင်းသားကြားရတယ်။
နေ့တိုင်းလိုလို ကတောက်ကဆဖြစ်တတ်ပေမဲ့ ဒီနေ့ကတော့ ပိုဆိုးသည်။
"အခုဘယ်လိုလုပ်ကြမလဲ!"
"ရှင်အဲ့ပိုက်ဆံတွေကို ဘယ်လိုပြန်လျော်မှာလဲ!"ပိုက်ဆံဆိုတဲ့ စကားလုံးကို ကြားတော့
ရင်ထဲထိတ်ခနဲ။"တိုးတိုးပြောပါကွာ သမီးလေးကြားသွားအုံးမယ်"
"ကြားကြားပေါ့!နောက်လည်းသိရမှာပဲ"
"ရှင်လုပ်တာဟုတ်လို့လား"
"အခုရှင့်ကြောင့် ဘဝပျက်တော့မယ်"
"ကျွန်မတို့အကုန် ဘဝပျက်တော့မယ်..."အမေ့အသံကတိုးဝင်သွားတာကြောင့် စိတ်မထိန်းနိုင်လို့ ငိုချလိုက်ပြီထင်။
"ငါတစ်ခုခုကြံပါ့မယ်ဟာ"
"..ရှင်က..တော်တော်ကို စိတ်ဒုက္ခပေးလွန်းတယ်"
ထို့နောက် အခန်းထဲက ဘာအသံမှမကြားရတော့။
တင်..တင်..တင်..
သူငယ်ချင်းနဲ့ စာပို့နေတာကြောင့် မက်ဆေ့ခ်ျသံကထွက်လာသည်။
//ရတီမ နင်အာပီလည်းမပြန်ဘူး//
//ချေတာလား?//
//ရတယ်နော် ငါကအေးဆေးပဲ(•‿•)//စာတွေကို တွေတွေကြီးသာ ထိုင်ကြည့်နေမိတယ်။
အိမ့်သော်တာဆိုသော ထိုမိန်းကလေးနဲ့ ခင်မင်ခဲ့တာ လေးနှစ်နီးပါးရှိပြီ။
အရမ်း တက်ကြွမှုရှိပြီး ပျော်ပျော်နေတတ်တာကလည်း ရတီခနှင့် မိုးနဲ့မြေပင်။
အနားမှာရှိနေရုံနဲ့တင် စိတ်ချမ်းသာစေနိုင်တဲ့ type။
ဘယ်သူနဲ့မဆို လိုက်လျောညီထွေနေနိုင်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ type။အဲ့ဒီလိုသူက အမြဲမှုန်ကုပ်ကုပ်နဲ့ အပေါင်းအသင်းများများစားစားမရှိတဲ့ သူမနဲ့ သူငယ်ချင်းဖြစ်ပေးခဲ့တာ။