Part-40

1.2K 65 10
                                    

"အဖေ"

သူခေါ်တော့ အရက်ပုလင်းအကောင်းစားတွေကြားမှ အဖေဟာ ခေါင်းထောင်လာသည်။ ထိုသို့ဖြစ်နေသည်မှာ အိမ်ကို ဘယ်တုန်းကမျှ အစောပြန်မလာတတ်သည့် အဖေ အလုပ်မှ နေ့လည်ခင်းလောက်ကြီး ပြန်လာသည့် မနေ့ကတည်းက ဖြစ်သည်။

မင်းသုတ ကျောင်းမသွားဖြစ်သည်မှာ ကြာပြီ။ အကြောင်းအမျိုးမျိုးကြောင့်ဆိုပေမဲ့ စိတ်တွေအလွန်အကျူး ညစ်ညူးနေတာကြောင့်က ပိုသည်။

"အဖေ ကျွန်တော့်ကိုပြောပြချင်လား. မနေ့က ဘာဖြစ်လာတာလဲဆိုတာ"

"အဲ့တာ အဖေကို မေးရမဲ့မေးခွန်းလား ဟမ်!"

ပြောရင်း အဖေလှမ်းပေါက်သည့် ဖန်ခွက်ကို သူ့မှာ ရှောင်ရသည်။ အဖေ မူးနေလျှင် ဒီလိုပဲ သွေးဆိုးသည်။

"တောက်! ခွန်းသူရိယဆိုတဲ့ ကောင်မ. လူကသာ လက်သန်းလောက်ရှိသေးတာ ငါ့ကိုဒီလိုလုပ်ရဲရတယ်လို့ တောက်!"

မခံမရပ်နိုင်သလိုပြောရင်း အရက်ကိုပုလင်းလိုက် မော့ချပြန်သည်။ အဝေးကသာ ရပ်ကြည့်နေရ၏။ သူဘာမှမလုပ်နိုင်။ အဖေ့ကိုလည်း မကူနိုင်။ နာမည်တစ်ခုကြောင့်လည်း အတွေးများရသေးသည်။

ခွန်းသူရိယ။ ခွန်းသူရိယသည် မည်မျှထူးခြားသည့် နာမည်လဲ။ သူဖြင့် တစ်ခါမျှ ဤသို့ နာမည်မျိုး မကြားဖူး‌ချေ။ ပြီးတော့ နာမည်ပိုင်ရှင်ဟာ မိန်းကလေးတဲ့လား။

ကြည့် ... မည်မျှထူးဆန်းလိုက်သလဲ။

သို့သော်လည်း ထိုမိန်းကလေးနှင့် ပတ်သတ်၍ တစ်ခုခု မကြည်မသာဖြစ်နေပုံရသော အဖေ့ကိုလည်း လျစ်လျူရှု၍ မရသည်မို့ ပိုလို့ပင် အာရုံများရသေးသည်။

အဖေနှင့်သူသည် ဘယ်တုန်းကမျှ မရင်းနှီးခဲ့ဖူး။ စကားပင် ဆယ်လုံးပြည့်အောင် မပြောခဲ့ဖူး။ ထို့ကြောင့် အဖေ ဘာဖြစ်နေသည်၊ ဘယ်လိုခံစားနေရသည်ကို သူ လုံးလုံးမျှပင် မသိနေ။

သိလည်းမသိချင်ပါ။ အဖေဟာ အလုပ်နှင့်အပျော်အပါးဖြင့်သာ လုံးပန်းနေတတ်သူ မဟုတ်လား။ အလုပ်မှာ အဆင်မပြေဖြစ်လာတာမျိုးကသာ ရာခိုင်နှုန်းများသည််လေ။ သူ သိလည်း ဘာလုပ်တတ်မှာမို့လဲ။ ထို့ကြောင့် မသိချင်။

Obsessive LoveWhere stories live. Discover now