Part-39 (အတိတ်)

1.2K 68 3
                                    

ချစ်ခြင်းမေတ္တာကို တစ်ခြားသူတွေ ဘယ်လိုအဓိပ္ပာယ်ဖွင့်ကြသည်မသိ။ သူကတော့ ချစ်ခြင်းမေတ္တာဟာ သူ၏ ကြင်သူအမျိုးသမီးထံပါးသို့သာ ဦးတည်ရှေးရှုသည့်အရာဟု ဖြေချင်သည်။

ချစ်သူရည်းစား မဖြစ်ခင်ကာလများမှာတော့ မဝံ့မရဲ အဝေးမှ ခိုးကြည့်ခဲ့ရသည်။

'ရှင့်ကိုချစ်ပါရဲ့လေ' ဟုဆိုလာပြန်တော့လည်း ကမ္ဘာမှာ အပျော်ဆုံးယောကျာ်းဟာ သူပါပဲလားလို့ တွေးမိပြန်သည်။

ကံမကောင်း၊ အကြောင်းမလှ၍ ခွဲရကံပါလာတော့လည်း နှစ်ဖက်မိဘများ၏ သဘောဆန္ဒကို လွန်ဆန်ကာ နှစ်ဦးသား လက်ချင်းတွဲလို့ ထွက်ပြေးခဲ့ကြသည်။ ထိုစဉ်တုန်းကတော့ 'ရှင်မရောက်လာတော့ဘူးထင်တာ' ဟု အရည်လဲ့လဲ့ မျက်ဝန်းညိုများဖြင့် ဆိုခဲ့‌သည်ပဲ။

မိမိ၏ ကာမပိုင်ဇနီးဖြစ်လာခဲ့သည့်အခါမှာလည်း ဤအမျိုးသမီးကို ပိုတိုး၍ ချစ်လာရသည်။ လောက၌ နှစ်ယောက်မရှိတော့ဘူးဟု ထင်ရလောက်သည်အထိပင် လှရက်လွန်းသည့် ထိုမျက်နှာနုနုအား ဘယ်လောက်တောင် ငေးခဲ့ရ၊ ကြည့်မဝဖြစ်ခဲ့ရ။

အခုများတော့ အမြဲပြုံး‌ယောင်သန်း‌တတ်သော ကြင်သူ့မျက်နှာထက် အေးစက်စက် အငွေ့အသက်တွေသာ ပြည့်လို့နေသည်။

အလုပ်ထဲက လူတွေဟာ ပါးစပ်စည်းမစောင့်ဟု သူထင်သည်။ ပတ်ဝန်းကျင်ကို အကဲမခတ်တတ်ဟု သူထင်သည်။

သူ့အကြင်သူဇနီးအကြောင်း စိတ်လိုလက်ရ ပြောနေလိုက်တာများ နားထဲ တိုးလို့ပင်၊ ဝင်မဆန့်။ ညနေအလုပ်ဆင်းချိန်အရောက် အကြမ်းရည်သောက် အနားယူနေစဉ် ဝါးခမောက် အမြဲဆောင်းထားတတ်သည့် ကိုအုန်းလွင်က ဤသို့စကားကို ပြောလာခဲ့သည်။

"သစ်တွေသွားသယ်တုန်းက ကျောင်းနားမှာ ခွန်ရဲဇော်နဲ့ ခင်ထားကို တွေ့လိုက်တယ်ကွ. ခင်ထားက သူ့သမီး လာကြိုတယ်ထင်ပါတယ် ကလေးလက်ကို ဆွဲလို့. ငါလည်း ကားပေါ်က လှမ်းတွေ့တာပါ. မပြောတတ်ဘူးကွာ"

ကိုအုန်းလွင်က အနီးနား၌ သူမရှိဘူးအထင်နှင့် ပြောလိုက်ပုံရသော်လည်း သစ်လုံးကြီးများ ဆင့်ထားသည့် အကွယ်နောက်၌ ရပ်နေသည့်သူသည် အပျက်တရားကို ရင်ထဲ မချိမဆံ့ ခံစားလိုက်ရသည်။

Obsessive LoveWhere stories live. Discover now