Part-19

2.7K 156 2
                                    

"အဲ့လိုမလုပ်နဲ့ဟာ ယွန်းငယ်"

မိန်းကလေးရဲ့‌အော်သံသည် လမ်းလယ်ခေါင်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ လူရှင်းနေသည်မို့ အနားမှာတော့ ဘယ်သူမှမရှိနေပါ။

ထိုမိန်းကလေးက ယွန်းငယ်ကို လက်မောင်းမှကိုင်ကာ
ဆွဲဖမ်းထားသည်။ ယွန်းငယ်သည် သူ့အား ဘာစကားမှပြန်‌မ‌ပြောသော်လည်း စိတ်ရှုပ်နေသည့်ဟန်မှာ မျက်နှာထက်တွင်အပြည့်။

"ငါ့ကိုလွှတ်. နင့်အပူဘာပါလို့ လာပြောနေတာလဲ"

သူမစိတ်ပေါက်ပေါက်နှင့် မိမိအားဖမ်းဆွဲထားသည့် သီရိလွင်ကို မျက်မှောင်အကျုံ့သားဖြင့် ပြောမိသည်။ သီရိလွင်သည်လည်း သူမနည်းတူ မျက်မှောင်ကျုံ့နေ၏။

"ငါ့အပူက နင်ပဲလေ. နင်ဘာလို့ ‌ယောကျာ်းလေးတွေနဲ့ရန်ဖက်ဖြစ်ချင်ရတာလဲ. စိတ်ပူတယ်ဟဲ့ သိရဲ့လား"

ထိုသို့ပြောနေသည့်တိုင် သီရိလွင်သည် မိမိ၏ သူငယ်ချင်းလည်းမဟုတ်သလို ရင်းလည်းမရင်းနှီးပါ။ အတန်းဖော်ဆိုရုံမျှသာ ပတ်သတ်မှုရှိသည်။

သို့သော်လည်း အမြဲလိုလို မိမိအား အရိပ်တကြည့်ကြည့်နှင့် လုပ်တတ်ပြီး မျက်နှာညှိုးရင်ညှိုးသလို ဂရုတစိုက်မေးမြန်းလေ့ရှိသည်။

ယွန်းငယ်က အနည်းငယ်ဆိုးသည့် မိန်းက‌လေးတွေထဲပါသည်။ ‌တစ်ခါတစ်ရံ ယောကျာ်းလေးတွေနဲ့လည်း မကြောက်မလန့် ရန်ဖက်ဖြစ်တတ်သေးသည်။ မိန်းကလေးဖြစ်သည်ကြောင့် အလျှော့ပေးခံရတာမျိုးကို သေလောက်အောင်မုန်းသည်မို့ ထိုသို့ဖြစ်လာသည့်အခါ စုတ်ပြတ်သတ်အောင် ရိုက်နှက်လေ့ရှိသည်။

ယခုသူမ ‌‌ဒုတိယနှစ်က အကောင်များနှင့် သွားတွေ့ရန် စီစဉ်ထားသည်။ သို့သော် သီရိလွင်က ဘယ်ကဘယ်လိုသိသွားလဲမသိ သူမအား ဆွဲလားရမ်းလား လုပ်ကာ တားနေ၏။

"ဘာကိုစိတ်ပူတာလဲ. နင်ကဘာကိုစိတ်ပူတာလဲ"
"နင်နဲ့ငါက အမျိုးလည်းမတော်ဘူး ဘာမှလည်းမဟုတ်ဘူး"

အမျိုးမတော်ဘူးဆိုသည့် ခေတ်စကားသည် ဘာပတ်သတ်မှုမှမရှိဘူး ဟု ဆိုလိုခြင်းပင်။ သီရိလွင်က ထိုစကားကြောင့် ယွန်းငယ်၏ လက်မောင်းကိုလွှတ်ပေးလိုက်ရင်း...

Obsessive LoveWhere stories live. Discover now