Part-27

2.3K 158 15
                                    

ခွမ်း!!!

"အားး!!"

သူ၏ ခေါင်းပေါ်ကျရောက်လာသော ဝိုင်ပုလင်း၏ ပြင်းထန်သော ရိုက်ချက်ကြောင့် အောင်ခန့်‌သော် နာကျင်လွန်းစွာ အော်လိုက်မိသည်။

သွေးများ စတင်စီးကျလာသည်။ မူးဝေသွားသော ဦးခေါင်း၏ တစ်နေရာအား လက်ဖြင့် ဖိထားလိုက်ပြီး မိမိရှေ့မှ မိန်းကလေးအား ကြောက်ရွံ့သောမျက်ဝန်းတို့ဖြင့် မော့ကြည့်မိသည်။

ထိုမိန်းကလေး၏ လက်ထဲတွင် ပုလင်းကွဲ တစ်ခု။ သူ့ကိုရိုက်လို့် ကွဲသွားတဲ့ ပုလင်းကွဲပေါ့။

"ခွန်း..မင်း..မင်းကွာ.."

ယခုအချိန်တွင် သူဘာပြောလို့ ပြောရမှန်းတောင် မတွေးနိုင်တော့။ ပွဲခင်းနေရာဆီမှ ငြိမ့်ညောင်းလှသော သီချင်းသံအေးအေးကို ကြားနေရသည့်တိုင် ဆူနာမီတိုက်သည့်နှယ် ရင်ထဲ၌ ဗရမ်းဗတာ ဖြစ်နေခြင်းမှာ ပိုပိုဆိုးလာ၏။

ထိုမိန်းကလေး၏ မျက်နှာထက်က မဲ့ပြုံးဟာ သူ့‌ခေါင်းအား ရိုက်ခွဲလိုက်ရ၍ ကျေနပ်နေသည့် အပြုံးမျိုး။

နာကျင်ရပါသည်။ သူ့ကို ထိုမျှထိ လုပ်ရက်လိမ့်မယ်လို့ တစ်ခါမှ တွေးထင်မထားခဲ့။ ခွန်းဟာ အရင်က ထိုသို့မှ မဟုတ်ပေပဲ။ မည်မျှ ချစ်စရာကောင်းခဲ့၊ သိမ်မွေ့ခဲ့သည်လဲ။

"ဟင်... ခွန်းသူရိယ!!"

မကျယ့်တကျယ် အော်သံလေးရဲ့ အဆုံး ဂါဝန်စကိုမပြီး သူတို့ဆီ အလန့်တကြား ပြေးလာသည့် ခွန်း၏ သတို့သမီးလေးကို မြင်လိုက်ရသည်။

ရတီခတဲ့။ ခွန်းကို ပိုင်ဆိုင်နိုင်ခဲ့သူဟာ ရတီခဆိုတဲ့ အဲ့ဒီ မိန်းကလေးပါတဲ့။

ရတီခက သူ့ကို ကြည့်တယ်ဆိုရုံလေးသာ တစ်ချက်မျှ ကြည့်ပြီး ခွန်းဆီ သူ့အာရုံတွေအကုန်ပေးပစ်သည်။

"ငါနင့်ကို မတွေ့လို့ လိုက်ရှာနေတာ နင်ဒီမှာ ဘာလုပ်နေတာလဲ ဒီလူက ဘာလို့သွေးတွေနဲ့ ဖြစ်နေတာလဲ"

ဂနာမငြိမ်သော မျက်ဝန်း၊ လျင်မြန်နေသည့် စကားသံတို့က သူ ခွန်းကို ဘယ်လောက် စိုးရိမ်နေကြောင်း သိသာနေသည်။ ခွန်း မျက်နှာကို အုပ်ကိုင်ရင်းမေးတော့ ခွန်းက သူ့ဆီမှ အကြည့်ကို လွှဲဖယ်ကာ ထိုမိန်းကလေးကို ကြည့်သည်။

Obsessive LoveWhere stories live. Discover now