"အစ်မ အစ်မ"
ပုခုံးပုတ်ကာ လှမ်းခေါ်သည့် အသံကြောင့် အိမ့်သော်တာ အနောက်သို့လှည့်ကြည့်လိုက်သည်။
"အယ် ညီမလေး ယွန်းငယ်"
ထိုမိန်းကလေးက မျက်နှာတည်နှင့် ကြည့်လာသည်။
သူမပြုံးပြလိုက်ရင်း.."ဘာပြောမလို့လဲ ညီမလေး"
ယွန်းငယ်ဆိုသည့် မိန်းကလေးက သူမထက် တစ်နှစ်သာငယ်သည်။လိုင်းပေါ်မှာ စခင်ကြပြီး ယခုဆိုရင်အတော်ကို ရင်းနှီးကျွမ်းဝင်နေပြီ။
"ရတီခဆိုတာ အစ်မသူငယ်ချင်းလား"
ထိုအမေးကြောင့် အိမ့်သော်တာ မျက်ခုံးပင့်သွားသည်။
"ဟုတ်တယ်လေ ညီမ"
ထိုမိန်းကလေးက သူ့ရဲ့လက်ကို နောက်ပစ်ကာရပ်နေသည်။တစ်ခုခုကိုစိတ်ဆိုးနေသယောင်နဲ့ မျက်ခုံးတွေက တွန့်နေလျက်။စိတ်ဆိုးနေသည်လား ဆိုတော့လည်း မဟုတ်ပြန်။မျက်ခုံးတွန့်တာကိုက သူ့မူပင်။
"အဲ့တာဆိုရင် ဒီစာလေး တစ်ချက်လောက်ပေးပေးပါ အဲ့ဒီ့အစ်မကို"
ထိုသို့ပြောရင်း ခေါက်ထားသည့်စာတစ်စောင်ကို ကမ်းပေးလာသည့် ယွန်းငယ်။
သူမအကြည့်များ ဖြတ်ခနဲလှုပ်ရှားသွားသည်။စာကိုတစ်လှည့် ယွန်းငယ်ကိုတစ်လှည့် ပြန်ကြည့်မိသည်။ထို့နောက် ကလေးမရဲ့ မျက်နှာတည်နှင့် ဆုံသည်။
သူမ တွန့်ဆုတ်နေရင်းပင် စာကို လှမ်းယူလိုက်သည်။
"အစ်မ သူလာရင် ပေးလိုက်မယ်နော်"
မဆိုစလောက်လေး ပျက်သွားသည့် ယွန်းငယ်ရဲ့မျက်နှာ။
"သူလာရင်ဆိုတော့ အခုသူက ဒီမှာမရှိဘူးလား"
"ကျောင်းကိုတောင် ရောက်မလာသေးပါဘူး ညီမရယ်"
ယွန်းငယ်က သူ့မူအတိုင်း မျက်နှာတည်နှင့် ပြန်နေပြန်သည်။
"အော် ဟုတ်လား"
"......."
"ဒါနဲ့ ဒီစာကဘာစာလဲ ညီမလေး"ယွန်းငယ် အိမ့်သော်တာကို မျက်လုံးလှန်ကာကြည့်လိုက်သည်။ထို့နောက်..