Part-4

4.8K 232 1
                                    

Menuစာရွက်ကို မျက်လုံးသေနဲ့စိုက်ကြည့်နေတာ ဘယ်လောက်ကြာသွားပြီမသိ။

လက်နှစ်ဖက်ကိုပေါင်ပေါ်တင်လျက် ဂါဝန်စကိုတင်းတင်းဆုပ်ထားမိတယ်။

ခေါင်းထဲရှုပ်ယှက်ခတ်နေတာကတစ်ကြောင်း။

ဘယ်လိုပြောရမလဲ။
အခု‌လှုပ်တောင်မလှုပ်နိုင်ဘူး။

အခတ်မသင့်ရင်အရှက်ကွဲမဲ့ကိစ္စ။

အဲ့ဒီလိုနဲ့ အကြပ်ရိုက်နေရှာတဲ့ ရတီခပင်။

*လွန်ခဲ့သော မိနစ်အနည်းငယ်က..*

ဟိုအိမ်ကနေထွက်လာပြီးကတည်းက ခွန်းသူရိယမျက်နှာမကောင်းတာကို ရတီခသတိထားမိတယ်။

တစ်ချိန်လုံး မျက်မှောင်ကျုံ့နေတာကြောင့်။

အဲ့လိုမျက်မှောင်ကျုံ့ထားတာတောင် ကြည့်ကောင်းနေဆဲဖြစ်တဲ့ သူ့ကို ရတီခလည်း တစ်ချိန်လုံးငေးနေခဲ့တာပါပဲ။

"ငါချောတာငါသိပါတယ်"
"ဒါပေမဲ့ အဲ့လောက်ထိစိုက်ကြည့်နေတော့
မနေတတ်ဘူး"

အပြင်ကိုကြည့်နေလျက် ရုတ်တရက်ပြောလာတဲ့ ခွန်းသူရိယရဲ့စကားဟာ ရတီခကို ‌ပြာယာခတ်သွားစေကာ..။

"ဘာ!ဘာ...မ..မကြည့်ပါဘူး.."
"ဘာဟာ..တွေ..လာပြော!နေတာလဲ.."

‌အသံအနိမ့်အမြင့်တွေမညီညာတဲ့အပြင် ရတီခတစ်ယောက် စကားတွေပါထစ်ကုန်သည်။

ခွန်းသူရိယ မရယ်ပေမဲ့ ပြုံးရင်းသာခေါင်းခါလိုက်တယ်။

ရတီခကြည့်နေတာကိုဘယ်လိုသိလဲဆို..
‌ကားမှန်ကနေ ရောင်ပြန်ဟပ်နေတာကြောင့်ပါ။

စိတ်မကြည်နေတာမှန်ပါတယ်။
ဒေါသထွက်နေတာဆိုရင်ပို‌လို့တောင်မှန်ပါသေးတယ်။

ဟိုလူ့မျက်နှာကိုမြင်ရတာ ဘယ်လောက်တောင် ကျက်သရေတုံးလည်းဆိုတာ သူမကလွဲပြီးဘယ်သူ့မှသိမှာမဟုတ်။

ဟုတ်ပါတယ်လေ..
သူတော်ကောင်းကြီးပဲဟာ..
သူများတွေအတွက်တော့သူတော်ကောင်းကြီးပဲဟာ..

ဒေါသထွက်ဖို့ကလွယ်တယ်။
သူ့အကြောင်းကိုတွေးလိုက်တိုင်း ဒေါသတို့၊နာကျည်းမုန်းတီးမှုတို့က မလွဲဧကန်ကိုခံစားရမဲ့ အရာတွေပဲ။

Obsessive LoveWhere stories live. Discover now