Part-20

2.7K 166 5
                                    

ခွန်းသူရိယ၏ အနမ်းတို့သည် နှုတ်ခမ်းမှလွဲ မျက်နှာတစ်ခုလုံးကို ကျရောက်လာပါသည်။ တစ်မိနစ်နီးပါးကြာသွားပြီးနောက် ခွန်းသူရိယ နမ်းနေရာမှရပ်လိုက်ရင်း ရတီခကိုပြန်ကြည့်လိုက်သည်။

အသက်ပင်ရှူနေရဲ့လား မသိနိုင်အောင် ရတီခကကြက်သေသေကာ မလှုပ်မယှက် ဖြစ်နေသော်လည်း ခွန်းသူရိယကို ငေးစိုက်ကြည့်နေပါသည်။

ခွန်းသူရိယ သဘောတကျ ပြုံးလိုက်မိရင်း...

"ကောက်အုံးမှာလား ပြော"

ရတီခ ဘာမှပြန်မပြောမိ။ သူရက်ရက်ရောရောပေးလာသည့် ထိုအပြုံးကိုသာ မမှိတ်မသုန် ငေးနေမိလိုက်သည်။ ရင်ထဲတွင်လည်း ဘင်ခရာတီးနေသည့်နှယ် အသံဗလံများ ဆူညံနေလျက်။

မျက်နှာကို ဆွဲမော့လိုက်ချိန် နမ်းတော့မည်ဆိုတာကို အချိန်မှီသိလိုက်ပေမဲ့ နှုတ်ခမ်းကိုကွက်ချန်သွားမှာ ကိုတော့ မထင်ထားတာအမှန်။

နီရဲရဲလေးဖြစ်နေသည့် သူ့မျက်နှာကို ကြည့်ရင်း အသည်းယားလာသည်မို့ ခွန်းသူရိယထပ်ပြီး နမ်းမိပြန်ပါသည်။ နဖူး၊ နှာခေါင်း၊ ပါးနှင့် မျက်ခုံး၊ မျက်ခွံတို့ပါမကျန် နမ်းပစ်လိုက်၏။

အနမ်းတစ်ချက်တိုင်းမှာ ရတီခ ကြက်သီးမွှေးညှင်းများပင် ထရသည်။ ကျဉ်စက်နဲ့တို့နေသည်လား နှုတ်ခမ်းဖြင့်ထိနေသည်လားပင် မသဲကွဲသလို။

စိတ်သွားတိုင်း ကိုယ်မပါသည့်နှယ် ရုန်းချင်ပေမဲ့ လှုပ်မရသည့် ခန္ဓာကိုယ်က အကြောဆိုင်းနေသည့်အလား။ လက်ကလေးတစ်ချောင်းကိုပင် လှုပ်ရှားနိုင်စွမ်းရှိမနေ။

မတတ်သာတဲ့အဆုံး ဆက်တိုက်ကျရောက်လာသည့် အနမ်းတို့အား မျက်စိမှိတ်ကာ ငြိမ်ခံနေလိုက်မိတော့သည်။

ခဏကြာတော့ ခွန်းသူရိယက နမ်းနေတာကို ရပ်လိုက်ပြန်ကာ ရတီခကို တစ်ဖန်ပြန်ကြည့်လာ၏။ ထိုအခါမှ မှေးမှိတ်ထားသည့် မျက်လုံးအစုံကို ရတီခ ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

အနီးကပ်မြင်နေရသည့် သူ့မျက်နှာကို ရတီခမှာ တငေးတမော။ ပါးနှစ်ဖက်ပေါ်မှ လက်တို့၏ အထိအတွေ့တို့ကလည်း နွေးထွေးလွန်းသည်။

Obsessive LoveWhere stories live. Discover now