ကားစီးလာတာအတော်ကြာပါပြီ။
ဘယ်ကိုသွားနေလည်းဆိုတာလည်း မသိရသလို ခွန်းသူရိယကလည်းမပြောပြခဲ့။နှစ်ယောက်လုံး ကားနောက်ခန်းမှာ အကွာအဝေးတစ်ခုခြားပြီးထိုင်နေကြတယ်။
ရတီခက ဘယ်ဘက်ထောင့်မှာဖြစ်ပြီး ခွန်းသူရိယကတော့ ညာဘက်ထောင့်မှာပေါ့။
စောစောထထားရတဲ့အပြင် ညကလည်း အိပ်မပျော်တော့ အခုတောင် ရတီခတစ်ယောက် ငုတ်တုပ်ငိုက်နေတယ်။
ဟိုတစ်ယောက်ကလည်း အားမနာတတ်ဘူးလားမသိ။ရောက်ရောက်ချင်းကို အပြင်သွားမယ်ဆိုပြီးပြောတာ။
မတတ်သာလို့သာ လိုက်လာရတယ်..
တော်တော်ကိုအိပ်ချင်နေပြီ..တစ်ဖက်မှာလည်း ခွန်းသူရိယက ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသည်။
ဘာလို့ဖုန်းမကိုင်တာလဲ..
ဒီအချိန်လောက်ဆို နိုးနေပြီမဟုတ်ဘူးလား..စိတ်အခတ်မသင့်ဖြစ်တာကြောင့် မသိလိုက်ခင်မှာပဲ မျက်ခုံးတွေတွန့်ချိုးထားမိတယ်။
ဖုန်းခေါ်နေတာ အခုနဲ့ဆို ဆယ်ကြိမ်ကျော်နေပြီ။
လုံးဝကိုမကိုင်လာ။စိတ်ပျက်လက်ပျက်နဲ့ပဲ လက်ထဲကဖုန်းကို ကူရှင်ပေါ်ကိုပစ်ချလိုက်တယ်။
သတိတရဖြစ်သွားပြီး ရတီခကိုတစ်ချက်ကြည့်လိုက်တယ်။
အယ်..
ငိုက်နေတာပဲ..သူမဘေးက ထိုမိန်းကလေးက မျက်လုံးကိုမှိတ်လျက် ထိုင်နေရင်းပင် အိပ်ငိုက်နေသည်။
အဲ့ဒီပုံစံလေးက ချစ်စရာကောင်းတယ်လို့ သူမတွေးမိသည်။
ခပ်ဖွဖွပြုံးလိုက်ပြီးနောက်...
"အားးးးး!!!"
အကျင့်မကောင်းတဲ့ ခွန်းသူရိယရယ်ပါ။
ရတီခကိုလန့်အောင်လုပ်ဖို့ အသံပြဲနဲ့အော်လိုက်တယ်။
အကြံကအောင်မြင်ပါတယ်။
တစ်ကိုယ်လုံး တုန်တက်သွားတဲ့အထိ ရတီခလန့်နိုးသွားတယ်။
ကားခေါင်းခန်းက ရန်နိုင်လင်းလည်း လန့်ဖြန့်သွားတယ်။