"ဒီမှာပဲရပ်ခိုင်းတော့မလို့လား"
ကသိကအောက်ဖြစ်စရာ အခြေအနေကို ဖြိုခွဲလိုက်သူက အောင်ခန့်သော်ပင်။
ဒီအခြေအနေကို ဦးအောင်မိုးသည်လည်း ရိပ်မိနေဟန်ရှိသည်။ချောင်းတစ်ချက် ဟန့်လိုက်လျက်။
"စိတ်မရှိပါနဲ့နော် အထဲကိုကြွပါရှင့်"
နွယ်လေးက တရိုတသေနှင့် ထိုသို့ပြောသည်။
ဦးအောင်မိုး ခေါင်းတစ်ညိတ်ညိတ်လုပ်ပြီး အိမ်ထဲကို အရင်ဝင်သွားခဲ့သည်။
ရတီခလည်း လှည့်ထွက်ရန် ပြင်လိုက်စဥ် အခုထိ ကိုအောင်ခန့်သော်ကို မလှုပ်မယှက် ကြည့်နေသေးသည့် ခွန်းသူရိယကို သတိရသွားကာ လည်ပြန်ကြည့်မိလိုက်သည်။
သူဟာ မပြောင်းမလဲကို မျက်မှောင်ကျုံ့ထားဆဲ။
ဟိုလူကလည်း ဘာလို့ အထဲကိုမဝင်ရသေးတာလဲ..
သူမ ကိုအောင်ခန့်သော်ကို အလိုမကျသည့်အကြည့်နှင့် မျက်စောင်းခဲလိုက်သည်။
အကြည့်ချင်း စစ်ခင်း နေသည့်အလား အောင်ခန့်သော်နှင့်ခွန်းသူရိယတို့ စကားတစ်လုံးမျှမပြောကြပဲ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြသည်။
အောင်ခန့်သော်ကတော့ အပြုံးတစ်ခုကိုဆင်မြန်းထားလျက်။
ရတီခတစ်ယောက် ကြည့်ရင်းကြည့်ရင်းနှင့် စိတ်မရှည်တော့တဲ့နောက် သူ့လက်ကို လှမ်းဆွဲလိုက်ကာ..
"ခွန်းသူရိယ လာလေ အထဲဝင်ရအောင်"
ထိုအခါမှပဲ သူက အူကြောင်ကြားမျက်ဝန်းတို့ဖြင့် ကြည့်လာတော့သည်။
ရတီခလည်း ပြုံးပြလိုက်ကာ ဘယ်သူ့ကိုမှ ဂရုမစိုက်နေတော့ပဲ လက်ကို ဆွဲလျက် အိမ်ထဲသို့ဝင်လာလိုက်သည်။
သူမတို့ထွက်သွားသည်နှင့် အောင်ခန့်သော်ရဲ့ မျက်နှာထက်က ပျက်ယွင်းသွားသည့် အပြုံးကိုတော့ ဘယ်သူမှမမြင်လိုက်။
"ဦးလေး အခုလာရတဲ့အကြောင်းကို မင်းတို့လည်း သိပြီးသားဖြစ်မှာပါ"
"ဟုတ်ကဲ့ သိပါတယ်"
ဦးအောင်မိုးရဲ့စကားကို မဆိုင်းမတွပင် ခွန်းသူရိယပြန်ဖြေလိုက်သည်။
YOU ARE READING
Obsessive Love
De Todoမိသားစုအရေးကြောင့် ရွယ်တူမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်