Part-26

2.6K 141 8
                                    

"ဗျာ အဖေ"

အံ့ဩတကြီး ဖြစ်သွားတဲ့ သားဖြစ်သူရဲ့ မျက်နှာကို ဦးအောင်မိုး တစ်ချက်မျှကြည့်ပြီး ထမင်းကိုသာ ဆက်စားနေလိုက်သည်။

အောင်ခန့်သော်က ဇွန်းကို ကိုင်ထားလျက်ပင် ဆွံ့အ‌နေဟန်ရှိ၏။

"မမြန်လွန်းဘူးလား အဖေ"
"အစဉ်အလာအရဆို စေ့စပ်တာကို အရင်လုပ်ရမှာ မဟုတ်ဘူးလား"

ထမင်းပူပူမှ လာရိုက်သည့် အပူငွေ့ကြောင့် ဦးအောင်မိုး မျက်မှန်ကို ချွတ်လိုက်ရသည်။ ထို့နောက် အောင်ခန့်သော်ကို မျက်လုံးလှန်ကာ ကြည့်လိုက်ပြီး...

"အစဉ်အလာဆိုတာမရှိဘူး"
"လက်ထပ်တယ်ဆိုတာ အခုချက်ချင်းတောင် ကောက်လုပ်လိုက်လို့ရတယ် ရုံးတက်လက်မှတ်ထိုးရင်တောင် တရားဝင်နေပြီ"

အဖေ့စကားကို ရှင်းလင်းစွာ ကြားနေသော်ငြား အခုထိ ထိုကိစ္စကို မယုံကြည်နိုင်သေးပေ။ ခွန်းသည် ရတီခဆိုသည့် မိန်းကလေးနှင့် မနက်ဖြန်ညတွင် လက်ထပ်တော့မည်တဲ့။

ခွန်းကို ပြန်အရယူရန် ကြိုးစားပါမည် ဆိုကာမှ အရာရာ သဲထဲရေသွန် ဖြစ်ကုန်တော့မည်။ ခွန်းဟာ တစ်ကယ်ပဲ သူ့ကို ရက်စက်တော့မှာလား။

လွန်ခဲ့သည့် နှစ်ပတ်သုံးပတ်လောက်က သူ့အိမ်ကို ခွန်းနှင့် ဦးလွန်းရှိန်တို့ လာသွားကြသေးသည်။

ဦးလွန်းရှိန်က ခွန်း၏ မင်္ဂလာကိစ္စအား အဖေ့ထံ အပ်ထားခဲ့မည်ဟု ပြောခဲ့သလို ခွန်းနှင့် လက်ထပ်ရမည့်သူမှာ မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း သိလိုက်ရတုန်းက ကိုယ့်နားကိုယ်တောင် မယုံနိုင်ခဲ့။

အဖေတို့အလုပ်ခန်းထဲ ဝင်သွားကြသည့်အချိန် မနေနိုင်စွာ ခွန်းကို ထိုအကြောင်းမေးလိုက်မိသည်။

'မိန်းကလေးအချင်းချင်းလား ခွန်း'
'ဒါက သဘာကိုလွန်ဆန်နေတာ မဟုတ်ဘူးလား'
'ဦးလွန်းရှိန်က ဘာတွေတွေးနေတာလဲကွာ'
'ကိုယ် ခွန်းကို အရမ်းနှမြောတာပဲ'
'ဘာလို့များ လောကနိယာမကို လွန်ဆန်ချင်တာလဲ'

Obsessive LoveWhere stories live. Discover now