မိုးရာသီရဲ့ မနက်ခင်း ကျောင်းများပြန်ဖွင့်ချိန် အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့ Kim Taehyung.မနက်စောစော အမေဖြစ်သူနဲ့ စကားများကာ ကျောင်းသို့ထွက်လာခဲ့သည်..
ကျောင်းဆိုတဲ့ အရာကို သေလောက်အောင်မုန်းပေမယ့် ပညာမတက်ရင်ပို၍လူရာ မဝင်မှာကို ကြောက်လို့သာ ကြိတ်မှိတ်၍သာတက်နေရခြင်းဖြစ်သည်..ထိုသို့တက်လာတာကြောင့်လည်း ခုဆိုနောက်ဆုံးနှစ်သို့ရောက်ရှိခဲ့ပြီ.
စာတော်သည့်ကျောင်းသားဖြစ်တာကြောင့် မှန်ကန်တဲ့ ဆရာဆရာမ တွေရဲ့ အလေးပေးခြင်းခံရပေမယ့်..ငွေသာ သိတဲ့ ဆရာဆရာမတွေကြောင့် ဘယ်လောက်နိုပ်ဆက်ခံရခံရ အရေးယူခြင်းမရှိခဲ့..
ဒါကလည်း ကျောထောက်နောက်ခံမရှိတဲ့ ကျောင်းသား တိုင်းရဲ့ ဝဋ်တမျိုးဆိုလည်း မမှားဘူးပေါ့..အဲ့ဒါထက် အမေဖြစ်သူကြောင့် Kim Tae က ပိုလို့နေသည်..
နှစ်စဥ်နှစ်တိုင်း ရွယ်တူရော စီနီယာအတန်းတွေရောကပါ ဝိုင်းနှိပ်ဆက်ခြင်းကိုခံနေရပေမယ့် ဒီနှစ်က သူအတွက် နောက်ဆုံးနှစ်ဖြစ်တာကြောင့် အနည်း ငယ် တော့သက်သာမည် ဖြစ်သည်..
ဆင်းရဲလွန်းလို့လည်းမဟုတ်..စာညံလို့လည်းမဟုတ်ပဲ အမေဖြစ်သူကြောင့် ဝိုင်းနှိပ်ဆက်ခြင်းကို ခံနေရ၍ပို၍မိခင်ဖြစ်သူအပေါ်နာကျည်းချက်ပိုများသည်.
မိခင်ဖြစ်သူမှာ အပျော်မယ်တယောက်ဖြစ်နေသလို တချိန်က လူကြီးကားတွေရိုက်တယ်ဆိုတာပါ ကျောင်းသားများသိသွားခြင်းကြောင့် အလယ်တန်းကျောင်းသားဘဝထဲက အခြား ကျောင်းသားတွေရဲ့ ဘူလီခြင်းကို ခံခဲ့ရသည်..
"သား မုန့်ဖိုးယူသွားလေ "
" မယူဘူး အဲ့ညစ်ပက်တဲ့ ငွေတွေ ကျွန်တော်ကိုလာမပေးနဲ့ ကိုယ့်ဘာသာ ရှာစားလို့ရတယ် မယူဘူး!!!!"
" သားးး Kim Tae "
အမေဖြစ်သူက လက်ထဲအတင်းထိုးပေးတဲ့ ပိုက်ဆံကို လွတ်ပစ်ကာ ထွက်လာခဲ့တဲ့ Kim Tae..ကျောင်းဆင်းတိုင်း အချိန်ပိုင်းအလုပ်လုပ် လုပ်ပြီးမှသာ အိမ်ပြန်လေ့ရှိသည်..
သူအိမ်ပြန်တိုင်း အိမ်မှာ စောင့်ကြိုမယ့် မိသားစုဆိုတာ မရှိတာကြောင့် အိမ်ကို နောက်ကျမှပြန်တက်ပြီး အချိန်ပိုင်းအလုပ်သာ ပိုတိုးလို့လုပ်နေတက်သည်..ပိုလုပ်လေ ပိုက်ဆံပိုရလေကြောင့်လေ..
YOU ARE READING
Meet Again pt.1 (complete)
FanfictionJeon Jungkook Kim Taehyung ဒါလေးက un လိုက်တဲ့ နှစ်ပုဒ်အစား ပြန်ရေးပေးမယ်နော် 😍