5 နှစ်ခန့်ကြာပြီးနောက်
" ခဏလေးစောင့်ပါအုံး ခဏလေးပါ "
5 နှစ်အတောအတွင်းမှာ တက္ကသိုလ် လည်းပြီးသွားခဲ့ပြီး အရည်အချင်းလည်း အနည်းငယ် ရှိပေမယ့် ဘာမှပြောင်းလဲခြင်းမရှိပဲ အရင်လို အချိန်ပိုင်းအလုပ်များစွာကို လုပ်ကိုင်နေရပြီ ဟိုပြေးဒီပြေးနဲ့သာ ဖြတ်သန်းနေရတဲ့ Taehyung..
ပြောင်းလဲတာဆိုလို့ လွန်ခဲ့တဲ့ နှစ်က သူ့ရဲ့ အမေဖြစ်သူဆုံးပါးသွားခြင်းသာလျှင် ဖြစ်သည်..ခုလည်း အချိန်ပြည့်ဝန်းထမ်းဖြစ်ရရေး အားကုန်ကြိုးပမ်းကာ အင်တာဗျုးတွေလိုက်ဖြေလို့နေတဲ့ Taehyung..
အနှစ်နှစ်အလအလ ကုမ္မဏီ အစုံမှာ အင်တာဗျူးဖြေပေမယ့် အရည်အချင်းမပြည့်မှီသေးလို့ အတွေ့အကြုံမရှိလို့သာ ပြောခံနေရတာကြောင့် အတော်လေးကိုလည်း ခံပြင်းလို့နေသည်..
ခုလည်းအားမလျော့စတန်းဆက်လက်ကြိုးစားကာ နောက်ကုမ္မဏီတခုကို အတွင်းရေးမှုးရာထူးအတွက် အင်တာဗျူးဖြေရန် ကုမ္မဏီရှိရာ ထွက်လာခဲ့တယ်..
အင်တာဗျူးဖြေပါမယ်ဆိုမှ လာတဲ့ လမ်းမှာ ကားလမ်းတွေပိတ်တာကြောင့် အချိန်နောက်ကြာကာ ကားဂိတ်ကနေ အပြေးရောက်လာခဲ့တဲ့ Taehyung..
ဓာတ်လှေကားပိတ်ခါနီးမှာ အသဲအသန်အော်ကာ စောင့်ဖို့တောင်းဆိုနေတဲ့ Taehyung က ဓာတ်လှေကား အပေါ်မှာ ရေးထားတဲ့ VVIP Only ဆိုတဲ့ စာကို သူမမြင်ခဲ့..
သူရဲ့ ခဏလေး စောင့်ပါအုံးဆိုတဲ့ အသံကိုကြားတော့ အပိတ်ခလုပ်ကို နိုပ်ဖို့ ရွယ်နေတဲ့ မန်နေဂျာဖြစ်သူကို လက်ကာပြကာ စောင့်စေလိုက်တဲ့ CEO..
Taehyung လည်း သူ့ကို စောင့်နေမှန်း သိတာကြောင့် မြန်မြန် မြန်မြန် ပြေးဝင်လိုက်တာ အဝင်အဝနားမှာ ကိုယ့်ခြေထောက် ကိုယ်ပြန်ခလုတ်တိုက်ကာ ရှေ့တည့်တည့်မှာ ရပ်လို့နေတဲ့ သူရဲ့ ရင်ခွင်ထဲကို တန်းလို့ ဝင်သွားသည်..
တဖက်ကလည်း ဝင်လာတဲ့ ခန္တာကိုယ်လေးကို အလိုက်သင့်ထိန်းကာ ဖတ်ထားပေးလို့နေသည်..
Taehyung လည်း မြန်မြန် CEO ရင်ခွင်ထဲကနေ ထွက်ကာ ခေါင်းလေးငုံ့လို့ အရိုအသေပေးရင်း မျက်နှာတောင်စေ့စေ့မကြည့်ပဲ တောင်းပန်လို့နေသည်..ထိုသူက ဘယ်သူဘယ်ဝါဆိုတာ သူမသိခဲ့..
YOU ARE READING
Meet Again pt.1 (complete)
FanfictionJeon Jungkook Kim Taehyung ဒါလေးက un လိုက်တဲ့ နှစ်ပုဒ်အစား ပြန်ရေးပေးမယ်နော် 😍