8

1.3K 107 5
                                    

အလုပ်စလုပ်တဲ့နေ့မှာတင် ပြသာနာတက်သွားတာကြောင့် အခုမှ သာ ပထမဆုံး ကုမ္မဏီ မှာအလုပ် ဆင်း ရတော့သည်..ဒါပေမယ့် CEO ဖြစ်သူနဲ့တော့ ဆေးရုံတက်နေရတဲ့ တပက်တာမှာ အတော်လေးရင်းနီးမှုရတာထက်ကို ပိုနေခဲ့သည်..CEO ရဲ့ ဂရုစိုက်မှုတွေကိုလည်း Taehyung သိသိသာသာကို သိခဲ့တယ်..

အလုပ်ကို CEO ထက်အရင်စောရောက်နေတဲ့ Taehyung..အခန်းတခုလုံးကို သန့်ရှင်းရေးလုပ်ရင်း စားပွဲခုံပေါ်က အမဲရောင် မှန်သားပေါ်မှာ ရွှေရောင်နဲ့ ရေထွင်းထားတဲ့ CEO Min yoongi ဆိုတဲ့ နာမည်လေးကို ပွတ်ရင်း

" ကျွန်တော်ကို ယုံကြည်ပြီး အခွင့်အရေးပေး ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် CEO Min "

သူထိုင်ရမယ့်ခုံလေးမှာ ထိုင်ရင်း ဒီနေ့အတွက်အချိန်ဇယားကို အရင်ထိုင်ကြည့်နေတဲ့ Taehyung..အချိန်အားဖြင့် 8:30 လောက်မှာ ရောက်လာတဲ့ CEO Min..

Taehyung မှာ ထကာ နှုတ်ဆက်လို့ အခန်းထဲဝင်သွားတဲ့ CEO နောက်လိုက်သွားကာ ဒီနေ့ အချိန်ဇယားကို ပြလို့နေသည်..

" CEO ဒါဒီနေ့အချိန်ဇယားပါ "

" နေ့လည်စာ တူတူ သွားစားရအောင် "

"ဗျာ "

သူကသာ အချိန်ဇယားပြနေပေမယ့် တဖက်က ပြောလာတဲ့ စကားကြောင့် Taehyung မှာ အံ့သြသွားရသည်..

" ဘာလို့လည်း "

" ဟုတ်ကဲ့ "

ဒါဆို လက်မှတ်ထိုးရမယ့် ဖိုင်တွဲတွေရော စာရင်းဖိုင်တွေပါ အကုန်မန်နေဂျာကို အခန်းထဲပို့ခိုင်းလိုက်

" ဟုတ်ကဲ့ "

" ခုလောလောဆယ် မနက်စာ ကော်ဖီတခွက်လောက်သောက်ချင်တယ် "

" ဟုတ်ကဲ့ CEO "

နေ့လည်ထမင်းစားချိန်ထိ စစ်ရမယ့်စာရင်းတို့ကမပြီးသေး တပတ်လောက် ဆေးရုံမှာ အလုပ်မရှိဘူးဆိုကာ Taehyung နားမှာသာနေတဲ့ CEO ခုတော့ ကူရာမဲ့လို့နေပြီ တယောက်ထဲ ဖိုင်တွဲတွေကြားခေါင်းစိုက်လို့ပေါ့..

နာရီကြည့်လိုက်တဲ့ ချိန်မှာ ထမင်းစားချိန်တောင်ရောက်တော့မှာ ကြောင့် လုပ်လက်စကို ထားကာ..

အခန်းပြင်ထွက်လာလိုက်ပြီး Taehyung ကို ခေါ်ကာ သူစားနေကြ စားသောက်ဆိုင်သို့ ထွက်လာခဲ့ကြသည်..

Meet Again pt.1 (complete) Where stories live. Discover now