7

1.5K 111 9
                                    

လေယာဉ်ကွင်းထဲ Japan ကလာတဲ့ အရေးကြီးပုဂ္ဂိုလ်ကို တခါမှ မမြင်ဘူးတာကြောင့် စာရွက်လေးကိုင်ကာ လွန်ခဲ့တဲ့ 1 နာရီထဲက ထိုနေရာကနေ တစက်ကလေးမျှမလှုပ်ကာ စောင့်လို့နေတဲ့ Taehyung..

ရောက်လာပြီးဆိုတဲ့ အသံနဲ့အတူ ထွက်လာကြတဲ့ သူများ သားဖနှစ်ယောက်လို့ပြောလိုက်တာကြောင့် ထွက်လာမယ့်ကလေးပါသူတွေကိုသာ လိုက်ကြည့်နေမိတယ်..

ထိုအချိန် လှမ်းမြင်လိုက်ရတာက ရောက်လာလို့ အပေါ်ထပ်ကနေဆင်းလာကြတဲ့ သူတွေထဲမှာ ကလေးလေးတယောက်က လက်ရန်းကို မမှီသောကြောင့် ခရီးဆောင်အိတ် ပေါ် တက်ကာ လက်ရန်းပေါ်ခိုတက်ပြီး အောက်ဖက်ကို လှမ်းကြည့်နေတယ်..ဖခင်ဖြစ်သူလို့ ထင်ရသူက ဖုန်းပြောနေတာကြောင့် ထိုကလေးက တဖက်မှာ စောင့်ရင်းအောက်ကို လှမ်းကြည့်နေတာဖြစ်သည်..

Taehyung လည်း ဘာရယ်မဟုတ် လှမ်းကြည့်လိုက်ပြီး..သူစောင့်ရမယ့်သူသာပြန်ကြည့်နေပေမယ့် စိတ်က ထိုကလေးကိုသာရောက်ရောက်သွားတာကြောင့် ထပ်မှန်လှမ်းကြည့်လိုက်ချိန် ကလေးလေးက ခြေချော်ကာ ပထမထပ် လက်ရန်းကနေ ပြုတ်ကျလာခဲ့သည်..

လူတချို့ရဲ့ အလန့်တကြားအော်သံတွေနဲ့ ဖခင်ဖြစ်သူရဲ့ အော်သံပါ ထို terminal တခုလုံး ဆူညံသွားတော့
သည်..ဘယ်သူမှ ခိုင်းစေချင်းမရှ်ိစိတ်ရဲ့ ခိုင်းစေမှုကြောင့် တားစီးထားတဲ့ အတားအစီး တွေကို ကျော်ဖြတ်ကာ ထိုပြုတ်ကျလာတဲ့ ကလေးလေးကို ပြေးဖမ်းလိုက်တဲ့ Taehyung..

ပြုတ်ကျလာတဲ့ ကလေးကို ဖမ်းလိုက်မိပေမယ့် ပြုတ်ကျလာတဲ့ အမြင့်နဲ့ အရှိန်ကြောင့် ခန္တာကိုယ်သေးသေးလေးနဲ့ သူပါ တခါထဲလဲကျသွားကာ ကြမ်းပြင်နဲ့ ခေါင်းနဲ့ ရိုက်မိကာ တခါထဲ မေ့သွားတော့သည်..

အဲ့တော့မှ အဖေဖြစ်သာကလည်းပြေးဆင်းလာလို့ရောက်လာကာ..အနားကလူတွေလည်း အကုန်ရောက်လာကြပြီး ဖအေ ဖြစ်သူမှာ သမီးလေးကို ဖတ်လို့ ကလေးလန့်သွားလားမေးပြီးတာနဲ့ Taehyung ရဲ့ ခန္တာကိုယ်လေးကို ပွေ့ချီလိုက်ကာ ဆေးရုံကား ခေါ်ပေးဖို့တောင်းဆိုပါတော့သည်..

ဆေးရုံကားရောက်လာချိန်မှာတော့ Taehyung နဲ့ အတူတူ ဆေးရုံကို လိုက်ပါလာကြတဲ့ ထိုသားဖ..

Meet Again pt.1 (complete) Where stories live. Discover now