9

1.2K 99 0
                                    

ညက အိမ်အပြန် အလုပ်တွေအချိန်ကြာကြီးလုပ်ထားလို့ပင်ပန်းသလို ဝိုင်သောက်ထားလို့လည်းမှုးနေကာ..CEO ရဲ့ စကားကြောင့်ပါ လူက ဘာဖြစ်လို့ဖြစ်မှန်းမသိတော့ကာ.. အိမ်ကို အိပ်ပြီး ပါလာတဲ့ Taehyung. အိမ်ချင်မှုးတူးနဲ့သာ ကားပေါ်က ဆင်းကာ အိမ်ထဲဝင်လာပြီး အိပ်လိုက်တာ မနက်မိုးလင်းလို့ဖုန်းသံကြားမှသာနိုးတော့သည်..ဖုန်း screen ကိုကြည့်လိုက်တော့ CEO

" Hello CEO "

" နိုးပြီလား ကို ခုမင်းအိမ်ရှေ့ရောက်နေပြီ
ဟျောင်း "

" ဗျာ ခုလား "

" ညက အိမ်ချင်မှုးတူးနဲ့ ဆင်းသွားတာနှုတ်တောင်မဆက်သွားဘူးလေ ပြီးတော့ မနက်လာခေါ်မယ်ပြောတာ မမှတ်မိတာလား "

"ဟုတ် ခဏလေးနော် ကျွန်တော် မြန်မြန်လုပ်ပြီးဆင်းခဲ့ပါ့မယ် "

အိမ်ထဲမှာ မြန်မြန်ပြင်ဆင်ကာ ပြေးထွက်လာတဲ့ Taehyung..အိမ်ရှေ့အပေါက်တည့်တည့်မှာ ရပ်
စောင့်လို့နေတဲ့ CEO...

" Morning ပါ CEO "

" အင်းတက် "

Morning လို့သာ နှုတ်ဆက်ပြီး ကားပေါ်တက်လာတဲ့ ချိန်ကစပြီး ဘာစကားမှမပြောတဲ့ Taehyung..CEO Min ဘက်ကပဲစကာ..

"မနေ့က စကားကို စိတ်ထဲအရမ်းမထည့်ပါနဲ့ ဟျောင်း လွတ်လွတ်လပ်လပ်နေပါ..ကို မင်းစဥ်းစားဖို့အချိန်ပေးနိုင်ပါတယ်.ခုလိုမျိုးကြီး အနေခက်စေမယ် မထင်ခဲ့လို့ပါ..မင်းအနေခက်နေတာ ကို မလိုလားဘူး ဟျောင်း"

" ဟုတ် CEO "

" ကို တို့ ခု ညစာစားပွဲအတွက် အဝတ်အစားသွား
ကြည့်မလို့ ဟျောင်း အတွက်ရောပေါ့ "

" ဗျာ ဟုတ် ကျေးဇူးပါ CEO "

" နောက်ခါ ကျေးဇူးတင်စကားမပြောနဲ့ ကို့ အတွက် အဲ့စကားက မင်းနဲ့ ဝေးဝေးသွားသလိုခံစားရတယ် ဟျောင်း "

" ဟုတ် CEO ကျွန်တော်ဆင်ခြင်ပါ့မယ် "

ဗြုန်းစားကြီး မျိုးတူယောကျားတယောက်က ချစ်တယ်လို့ဖွင့်ပြောခံရတာ Taehyung အတွက်တော့လုံးဝအဆင်မပြေနေခဲ့..အနေရလည်းခက်သလို သူ့ကိုသူလည်း စိတ်တိုင်းမကျသလိုကြီး ဖြစ်လို့နေသည်.

Meet Again pt.1 (complete) Where stories live. Discover now