20

1K 74 2
                                    

အမေဖြစ်သူရဲ့ တားမြစ်ထားတဲ့ နောက်ပိုင်း Jungkook က အကြောင်းမရှိအကြောင်းရှာကာ  Taehyung ရှိရာ အလုပ် ကို လည်း ရောက်ရောက်လာတက်တယ်..

အလုပ်ကိစ္စမဟုတ်ပဲနဲ့လည်းလာ..အလုပ်ကိစ္စကြောင့်လည်းလာ..လာပြီးရင်လည်းအလုပ်လုပ်တာက နည်းနည်း Taehyung ကို ထိုင်ကြည့်နေတက်တာကြောင့် Yoongi လည်းရှောင်ထွက်သွားပေးနေရတယ်..

ညဘက်တွေလည်း အရင်လို တခါတလေမှ လာနေတာမဟုတ်တော့ပဲ ညတိုင်းနီးနီးကို အိမ်မပြန်တော့ပဲ Taehyung အိမ်မှာသာ နေတဲ့ရက်တွေများလာခဲ့သည်..

ညတိုင်း အိပ်ကြရင်လည်း တယောက်ကို တယောက်ဖတ်လို့ တယောက်က ရင်ခွင်ထဲရောက်သွားလိုက် နောက်တယောက်ကရင်ခွင်ထဲရောက်သွားပြန်လိုက်နဲ့ တူတူရှိကြတဲ့ ညတိုင်းက သူတို့နှစ်ယောက်အတွက် ထိုအချိန်တွေက သုခဘုံတခုလို..

ဒီလိုတွေလုပ်နေတာက Taehyung အတွက် ပိုခက်ခဲလာမယ်ဆိုတာ Jungkook ကြိုသိခဲ့ရင် သူလုပ်ခဲ့မယ်မထင်ဘူး .

ခုလည်း အစားအသောက်တွေဝယ်လာကာ ရောက်လို့လာပြန်တယ်..

" ဒီနေ့ရော ဘာအကြောင်းပြချက်နဲ့ ညအိပ်အုံးမှာလည်း Jeon "

" အရမ်းလွမ်းနေလို့ဆိုတဲ့ အကြောင်းပြချက်ပဲပေးနိုင်တယ် Tae "

" တခုခုဆို ငါ့ကိုပြောနော် တယောက်ထဲ ပြင်းပြင်းထန်ထန်တွေလုပ်မနေနဲ့ "

Taehyung ရဲ့ နှုတ်ခမ်းလေးကို ပြွတ်ခနဲမြည်အောင် နမ်းလိုက်တယ်

" ဘာလည်း "

ဝယ်လာတဲ့ အစားအသောက်ဘူးတွေကို ဖြေလိုက်ပြီး တခုချင်းချကာ

" ဒါကိုစားကြည့် အရမ်းကောင်းတယ် ငါအရမ်းကြိုက်တာ  "

Taehyung လည်း Jungkook ပြောတဲ့ chicken wing အတုံးလေးကို ယူကာ စားကြည့်လိုက်တော့

" အင်းစားကောင်းသားပဲ အီးးး နဲနဲ စပ်တယ် "

တဖန် Taehyung ရဲ့ နှုတ်ခမ်းဘေးကို နမ်းလိုက်ပြန်တဲ့ Jungkook... ပြွတ်

" ရားး စားတော့ "

ညတိုင်းညတိုင်းနှစ်ယောက်တူတူကုန်ဆုံးရတဲ့ အချိန်တွေကို သဘောကျလာတဲ့ Taehyung..နှစ်ယောက်တူတူညစာစားတယ်.. နှစ်ယောက်တူတူ TV ကြည့်တယ်..  တယောက်က စာဖတ်ပြရင် တယောက်ကနားထောင်တယ်..နှစ်ယောက်တူတူ အိပ်ယာဝင်တယ်.

Meet Again pt.1 (complete) Where stories live. Discover now