Final

2.6K 114 7
                                    

သတို့သား Jeon Jungkook နဲ့
သတိုးသမီး Choi Yuna ရဲ့
လက်ထပ်မဂ်လာပွဲ..

မဂ်လာဆောင် တခုရဲ့ ခန်းမအတွင်း ဧည့်သည်တော်များ တဖွဲဖွဲ လာရောက်ကျကာ သူ့နေရာသူထိုင်လို့..

တီးလုံးသံညိမ်ညိမ်လေး ကလည်း ထွက်ပေါ်လို့နေသည်..သတိုးသမီးအခန်းမှာလည်း သတိုးသမီးက သူ့မိတ်ဆွေ တွေနဲ့ စကားပြောလို့နေကာ..သတိုးသားကတော့ နေရာတနေရာမှာသာ ရပ်လို့နေသည်..

မဂ်လာပွဲမစခင် အဆက်အသွယ်မရှိတာ 2 လကျော်ပြီဖြစ်တဲ့ ဖုန်းနံပါတ်ရဲ့ အဝင်ကော..
အကြိမ်ကြိမ်ချပစ်ပေမယ့် နောက်ဆုံးကိုင်လိုက်မိတယ်..

" ဘာလည်း ဂုဏ်ယူပါတယ် ပြောမလို့လား "

" Jungkook ငါပြောတာသေချာနားထောင်ပေးနော် "

...

လွန်ခဲ့ နှစ်လက

Jungkook ရောက်လာပြီး ဒေါသထွက်ထွက်နဲ့ ပြောဆိုကာပြန်သွားပြီးချိန်မှာ လဲကျသွားတဲ့ Taehyung.. ဆေးရုံကိုရောက်တဲ့ချိန်မှာ လူနာရှင်ကို ဆရာဝန်ခေါ်တွေ့လို့ Yoongi သွားလိုက်တယ်..

" လူနာရှင်လား ဘာတော်လည်း "

" သူ့ရဲ့ CEO ပါ လူနာက မိသားစုမရှိဘူး "

" ဒါဆိုလည်း CEO ဆိုတဲ့ သူကိုပဲ လူနာအကြောင်းပြောပြရင် အဆင်ပြေမလား "

" ဟုတ်ကဲ့ ပြောပါ "

" လူနာက လွန်ခဲ့တဲ့ 6 လလောက်က ခေါင်းကိုက်လို့ဆိုပြီးဆေးခန်းလာပြဘူးတယ်.. အဲ့တုန်းကတော့ သောက်ဆေးပေးခဲ့တယ်..နောက်ပိုင်းမသက်သာလို့ခဏခဏ ဆေးရုံရောက်ရောက်လာလို့ ဆေးစစ်ကြည့်တာ လူနာမှာ ဦးနှောက်မှာ အကြိတ်တည်နေတယ်ဆိုတာသိခဲ့ရတယ်..အဲ့အချိန်က လူနာကို ခွဲစိတ်ဖို့ပြောခဲ့သေးတယ်..

သူကတော့မေးတယ် ခွဲစိတ်ရင်ရော အရှင်းပျောက်သွားမှာလားတဲ့..အဲ့အချိန်မှာ သူအခြေအနေကိုပြန်ကြည့်ချိန်မှာ ဒုတိယ အဆင်လောက်ဖြစ်နေပြီ ကင်ဆာဆဲလ်က ဦးခေါင်းမှာ 4 ပုံပုံ 2 ပုံလောက်က ပြန့်လို့နေပြီ.. ခွဲစိတ်လိုက်ရင်တော့ အချိန်ကြာကြာ နေနိုင်အုံးမှာပေါ့လို့ ပြောလိုက်သေးတယ်.. ဒါပေမယ့် သူ့စီက ဘာအကြောင်းပြန်စာမှ မလာတော့ဘူး.."

Meet Again pt.1 (complete) Where stories live. Discover now