12

1.2K 102 1
                                    

နေ့လည် CEO နဲ့ အတူတူ ထမင်းစားသောက်ပြီးလို့ ကုမ္မဏီ ကိုပြန်လာကြပြီး Taehyung လည်း သူအလုပ်စားပွဲမှာထိုင်ကာ ကွန်ပျူတာ နဲ့ အချိန်ဇယားတွေ လုပ်နေချိန်..

ကလင် ကလင်

" ဟုတ် CEO လာခဲ့ပါ့မယ် "

ဒေါက်ဒေါက်

" ဝင်ခဲ့ ဟျောင်း "

" CEO "

" ထိုင်အုံး ဟျောင်း "

"ဟုတ် "

ဆိုဖာမှာထိုင်စောင့်နေတဲ့ Taehyung..အလုပ်စားပွဲကနေထလာကာ ဆိုဖာမှာ ဝင်ထိုင်လိုက်တဲ့ CEO Min..

" ဟျောင်း လာမယ့် 15 ရက်နေ့ကနေ စပြီး လကုန်ပြီးလောက်တဲ့ ထိ ဘူဆန်ဟော်တယ်ကို အလုပ်ကိစ္စနဲ့ သွားရမယ် ဟျောင်း သိမှာပေါ့ Music fastival ကို အဲ့ဒါ ကို ရှယ်ယာ ပါတဲ့ Hotel မှာ Idol တွေ လာရောက်တည်းခိုကြမှာ အဲ့တာ ကို တို့ဘက်က စီစဥ်စရာရှိတာတွေစီစဥ်ရအောင်ကြိုသွားရမှာ အဲ့တာ အစက ကို ရယ် ဟျောင်းရယ် Jungkook ရယ် သွားကြမလို့ပဲ.. ဖြစ်ချင်တော့ ကို ဂျပန်ရုံးခွဲက ကိစ္စလေးတခုပေါ်လာလို့ကွာ အဲ့တာ ဟျောင်းတယောက်ထဲ သွားပေးလို့ရမလား Jungkook နဲ့တူတူ "

ကံကြမ္မာ ကဖန်လာရင်ရှောင်လွဲလို့မရဘူးဆိုတာ ဒါမျိုးကိုပြောတာပဲ..Jungkook နဲ့ Taehyung ရဲ့ ဒုတိယအကြိမ်ပြန်လည် တွေ့စုံစေတဲ့ အကြောင်း တွေထဲက တခုပေါ့

                        Meet Again

" ကျွန်တော်က အဆင်မပြေတာမရှိပါဘူး ဒါကျွန်တော်လုပ်ရမယ့် အလုပ်ပဲ ရပါတယ် "

" ကို က ဟျောင်းအဆင်မပြေဖြစ်မှာဆိုးလို့ "

" ပြေပါတယ် CEO "

" ဒါဆို လာမယ့် 15 ရက်နေ့ နော် အဆင်သင့်ပြင်ထားနော် "

" ဟုတ် CEO "
...
နေ့လည် Hobi စီက ဖုန်းဝင်လာလို့ စာရင်းတွေ
လုပ်နေတာကို ရပ်ကာ ဖုန်းကိုကောက်ကိုင်လိုက်တဲ့ Yoongi

" ပြော Hobi "

" Hyung ဘူဆန်မလိုက်ဖြစ်ဘူးဆို Jk ပြောတယ် "

" အင်း ဂျပန်ရုံးက ကိစ္စလေးပေါ်လာလို့ကွာ "

" ဒါနဲ့ Hyung သိလား Kim Taehyung က "

" ငါ သိတာပေါ့ကွာ Jungkook မျက်လုံးတွေက လိမ်မှာမလိမ်တက်တာ အဲ့ကလေးက  "

Meet Again pt.1 (complete) Where stories live. Discover now