15

1.5K 96 0
                                    

အလုပ်တွေကို မြန်မြန်လုပ်ကာ Jungkook နဲ့ ချိန်းထားတာကြောင့် ကမ်းခြေရှိရာစီသို့ ဘီယာဘူးတွေဝယ်ကာ ထွက်လာတဲ့ Taehyung..

ကမ်းခြေရောက်တော့ ရှာလို့မတွေ့တဲ့ Jungkook...အနောက်ကနေ မွေးနေ့ ဆုတောင်းသီချင်းသံကြားလို့ လှည့်ကြည်လိုက်တော့..ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်မီးလေးတွေထွန်းကာ မွေးနေ့ဆုတောင်းသီချင်းဆိုလို့နေတဲ့ Jungkook..

ဒီနေ့တနေ့ထဲမှာ မွေးနေ့ Surprise နှစ်ခါအလုပ်ခံလိုက်ရတဲ့ Taehyung ..ထိုသို့ အပျော်မျိုး ဘဝမှာ တခါမျှ မကြုံဘူးခဲ့.. အပျော်လွန်ကြီး မျက်ရည်တွေဝဲတက်လာတဲ့ Taehyung ရဲ့ မျက်ဝန်းလေးကို ဖယောက်းတိုင်မီး အားကိုးနဲ့မြင်လိုက်တဲ့ Jungkook..

" မွေးနေ့မှာ မငိုနဲ့လေ "

" ဟင့် ပျော်လို့ ပျော်လို့ ကျေးဇူးပါ ခုလိုမျိုး သူစိမ်းတွေစီက မွေးနေ့ဆုတောင်းရလိမ့်မယ်လို့ တခါမှ မတွေးမိခဲ့လို့ပါ ကျေးဇူးပါ ကျေးဇူးပါ "

" တော်ပြီ ဖယောင်းတိုင်မီး မကုန်ခင် ဆုတောင်းအုံး "

ပြောလိုက်တော့မှ ငိုနေတာကို တိတ်ကာ မျက်ရည်တွေကိုသုတ်ပြီး လက်လေးနှစ်ဘက်ကို ဆုတ်ကိုင်လိုက်ကာ မျက်လုံးလေးမှိတ်လို့ ဆုတောင်းနေတဲ့ Taehyung..

ခုတော့ Jungkook ရဲ့ မျက်နှာမှာ အပြုံးတွေဖြင့်သာ..ဆုတောင်းလို့ အပြီးမှာ ဖယောင်းတိုင်မီးကို မှုတ်လိုက်တဲ့ Taehyung..

မုန့်ကို Jungkook လက်ထဲက ယူလိုက်ပြီး သူ့လက်ထဲက ဘီယာဘူးတွေကိုတော့ Jungkook လက်ထဲထည့်ပေးလိုက်တယ်..

ကမ်းခြေတနေရာမှာထိုင်ကြပြီး Jungkook က ဘီယာဘူးကိုဖွင့်ကာသောက်နေပြီ Taehyung က ကိတ်မုန့်လေးကို ဇွန်းလေးနဲ့ ဖဲ့လိုက်ကာ Jungkook ကို ခွံကျွေးဖို့ပါးစပ်ဟခိုင်းလိုက်တော့ Jungkook မှာ အံ့သြသွားသေးသည်..

" ဟ "

" ဟင်"

" မွေးနေ့ကိတ်က မွေးနေ့လုပ်ပေးတဲ့သူတွေကို  ခွံကျွေးရတယ်မဟုတ်လား ငယ်ငယ်က အဖေ ကပြောဘူးတယ် ပြီးတော့ TV ထဲမှာလည်း မြင်ဘူးလို့လေ "

" အင်းဟုတ်တယ် ကျွေး "

Taehyung ခွံကျွေးလာတဲ့ ကိတ်မုန့်လေးကိုစားလိုက်တဲ့ Jungkook..jungkook စားပြီးမှသာ သူလည်း ကိတ်မုန့်လေးကို စားလို့နေသည်..
ကမ်းခြေမှာ ညအချိန်တော်ကြာကြာထိ နှစ်ယောက်တူတူထိုင်ဖြစ်ခဲ့ကြတယ်..

Meet Again pt.1 (complete) Where stories live. Discover now