ည 7 နာရီလောက်မှာ စတဲ့ Party ပွဲ စီးပွားရေလုပ်ငန်းရှင်အများအပြားသာတက်ရောက်တဲ့ Party ပွဲမျိုးဆိုတော့ အကုန်လုံးက ပိုက်ဆံရှိလူတန်းစားတွေသာ..
အရောင်အသွေးစုံလှတဲ့ လှပတဲ့ အမျိုးသမီးငယ်တွေလည်း များစွာတက်ရောက်ကျတဲ့ ပွဲက ဘာပွဲလဲဆိုတာ လာသာလာတယ်မသိ..
ကားပေါ်က ဆင်းထဲက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေတဲ့ Taehyung ကို လက်ကလေးကနေလှမ်းဆွဲလိုက်တဲ့ CEO Min..
ဒီလို စီးပွားရေးသမား မိတ်ဆွေတွေ အများကြီး ရှိတဲ့နေရာမှာမှ သူ့လက်ကိုဆွဲကာ သွားနေတဲ့ CEO Min ကြောင့် Taehyung မှာ CEO ကို သူ့ကြောင့်နဲ့ သူများတွေ တမျိုးပြောဆိုမှာကို မလိုလား..
သူဆိုတာက အမြဲပြောခံလူတန်းစားဖြစ်ခဲ့တာကြောင့် ဘာမှမဖြစ်ပေမယ့် သူ့အပေါ်ကောင်းတဲ့ CEO ကိုတော့ သူများတွေပြောဆိုမှာကို မလိုလား.. ဒါပေမယ့် ရှေ့က CEO ကတော့ဒါတွေကိုစိတ်ဝင်စားမယ်မထင်..
"CEO ကျွန်တော်လက်ကိုလွှတ်ပါ သူများတွေ "
" ကို က အဲ့တာတွေ ဂရုစိုက်တဲ့ သူမျိုးဖြစ်နေလို့လား ဒါပေမယ့် ဟျောင်းကို သူများတွေပြောလာမှာကို မလိုလားလို့ လွှတ်ပေးလိုက်မယ် ဘေးကလိုက်ခဲ့ လာ ဟိုမှာ ကို့ ညီကိုလို သူငယ်ချင်းတွေရှိတယ် ဒီနေ့က သူ့ရဲ့မွေးနေ့လာတာ "
"ဟုတ် "
ခုမှပဲ မွေးနေ့ပါတီလာတယ်ဆိုတဲ့ သိသွားတဲ့ Taehyung .CEO Min ခေါ်ရာ ဘေးကနေ လိုက်ပါလာခဲ့တယ်..သူနဲ့ အသက်ရွယ်တူလောက်ရှိမယ့် လူတယောက်ရယ် အနည်းငယ်လောက်ကြီးမယ်ထင်ရတဲ့ လူတယောက်နား အရောက်
" Hobi JK "
လှည့်ကြည့်လာတဲ့ လူနှစ်ယောက် တယောက်ကတော့ ပြုံးကာ နှုတ်ဆက်နေပြီး တယောက်ကတော့ အံံ့သြကာ မျက်စိမလွှဲနိုင်ကြည့်နေမိကာ ပါးစပ်ကလည်း ရင်းနှီးခဲ့တဲ့ နာမည်လေးတခု တိုးတိုးလေးရေရွတ်လိုက်မိတယ်
* Taehyung *
H " ဟာ Hyung ရောက်ပြီလား ဒါနဲ့ ဘေးက "
" Kim Taehyung တဲ့ ငါ့ရဲ့ အတွင်းရေးမှုး "
H " ဟာ အတွင်းရေမှူး ပဲလား Hyung နော် "
" ဟေ့ရောင် Hobi ပါးစပ်ပိတ် "
![](https://img.wattpad.com/cover/339739898-288-k715403.jpg)
YOU ARE READING
Meet Again pt.1 (complete)
FanfictionJeon Jungkook Kim Taehyung ဒါလေးက un လိုက်တဲ့ နှစ်ပုဒ်အစား ပြန်ရေးပေးမယ်နော် 😍