မနက်အိပ်ယာနိုးတော့ မျက်လုံးက မပွင့်သေး..
ဖြေးဖြေးခြင်း ပွင့်နေတဲ့ မျက်လုံးထဲ မြင်လိုက်ရတဲ့ လှုပ်စိလှုပ်စိ အရိပ်ကြောင့် Taehyung စောင်ကို အရင်ဆွဲခြုံလိုက်ကာ စောင်အကွယ်ကနေ ဖြေးဖြေးခြင်းခိုးကြည့်လိုက်တော့ Jungkook ဖြစ်လို့နေသည်..Taehyung ဖြစ်နေတာကို Jungkook မှာလည်း တအံ့တသြကြည့်နေမိတယ် ယောင်များယောင်နေတာလား ဘာများဖြစ်နေတာလည်းဆိုပြီးတော့ပေါ့..
" Jeon မင်းကမပြန်ဘူးလား "
" ညက မပြန်စေချင်တာ ဘယ်သူလည်း "
...
ညက ဖြစ်သည်.Jungkook ခေါက်ဆွဲစားနေတာကို ထိုင်ကြည့်နေရင်း မျက်လုံးက မပွင့်တော့တဲ့ Taehyung ပါးစပ်ကလည်း တဝါးဝါးနဲ့ သမ်းလို့နေသည်
" အိပ်ချင်နေပြီလား "
" အင်း ပင်ပန်းလို့ နည်းနည်း အိပ်ချင်နေတာ"
" ဒါဆို ခုက ငါအလှည့်ပေါ့ "
ထိုင်ခုံကထကာ ထိုင်နေတဲ့ Taehyung ရဲ့ ခန္တာကိုယ်လေးကို အခန်းထဲထိပွေ့ချီလာတဲ့ Jungkook
" အောင်မလေး Jeon ဘာလို့ချီတာလည်း "
" ခေါက်ဆွဲပြုတ်ကျွေးထားလို့ ပင်ပန်းသွားပြီမဟုတ်လား "
ကုတင်ပေါ်ဖြေးဖြေးလေးချပေးကာ စောင်ကို ခြုံပေးလို့ လက်ကလေးကို ကိုင်ထားကာ အိမ်ခိုင်းနေတဲ့ Jungkook..
" အိပ်တော့ "
" မင်းပြန်တော့လေ "
" မင်းအိပ်ပျော်မှ ပြန်မယ် "
"ငါနိုးလာလို့ ဒါက အိမ်မက်ဆိုတာမျိုး ဖြစ်နေမှာကိုကြောက်တယ် "
" ဒါဆို မပြန်ရဘူးလား "
"ဟင် အဲ့တာ က"
" ဒါက အိမ်မက်မဟုတ်ဘူး တကယ်ဆိုတာ တဖြေးဖြေးလက်တွေ့ပြလာမှာမို့ စိတ်ချလက်ချအိပ်နော် Tae "
" တကယ်နော် အရင်လိုထားသွားအုံးမှာလား "
" ဟင့်အင်း မင်းကို ဒုတိယအကြိမ်ပြန်တွေ့တုန်းက မင်းက hyung နဲ့တူတူလာတာလေ အဲ့တုန်းက ငါတော်တော်လန့်သွားခဲ့တာ "
" ဘာလို့လည်း "
" မင်းမသိဘူးလား "
" သဝန်တိုနေတာလား "

YOU ARE READING
Meet Again pt.1 (complete)
FanfictionJeon Jungkook Kim Taehyung ဒါလေးက un လိုက်တဲ့ နှစ်ပုဒ်အစား ပြန်ရေးပေးမယ်နော် 😍