ကျောင်းဝင်းထဲသို့ထုံးစံအတိုင်း ခေါင်းလေးငုံ့ကာ ဝင်သွားတဲ့ Taehyung..Taehyung ဝင်သွားတာကို မြင်လိုက်တဲ့ Jungkook..
ကျောင်းရှေ့မှာ ချော်လည်းချင်ယောင်ဆောင်လိုက်ကာ Taehyung ကို အော်ကာ လှမ်းခေါ်လိုက်တော့ ကျောင်းဝင်ထဲ ရောက်ပြီးသား Taehyung မှာ ပြန်ပြေးထွက်လာခဲ့သည်..
" Taehyung!!! ငါ ချော်လည်းလို့လာထူပါအုံးကွာ "
အော်သံကြားလို့လှမ်းကြည့်လိုက်ပြီး အပြေးလေးပြန်ထွက်လာတဲ့ Taehyung..ဝတုတ်တုတ် ကောင်လေးက ပိန်ပိန်သေးသေး ကောင်လေးကို ဆွဲထူဖို့ခေါ်နေတာကြောင့် ဘေးကဖြတ်သွားနဲ့ကျောင်းသားတွေက ဟားတိုက်လို့ပေါ့..ဒါတွေကိုမမှုကာ သူငယ်ချင်းကိုပြေးထူးရှာတဲ့ Taehyung..
" ရားးး jungkook ဘယ်လိုဖြစ်တာလည်း "
" Taehyung ငါတို့ ဒီနေ့ကျောင်းပြေးရအောင် "
"ဟင် "
" ငါခုက ချော်လည်းတာမဟုတ်ဘူး တမင်ဟန်ဆောင်တာ နှစ်ယောက်စလုံးကျောင်းထဲရောက်ပြီးရင် ပြန်ထွက်ဖို့က မလွယ်ဘူးလေ ခုလိုငါက အပြင်မှာချော်လည်းဟန်ဆောင်တာကလည်း မင်းထွက်လာလို့ရအောင် ငါတို့ ဒီကနေ ပြေးကြမယ် ကားဂိတ်ရောက်တဲ့ ထိ ဒါဆို ဂိတ်စောင့် ဆရာလည်း လိုက်မှာမဟုတ်တော့ဘူး သွားကြမလား "
ခဏအကြာစဥ်းစားနေတဲ့ Taehyung..သူရှေ့မှာ မျက်လုံး အဝိုင်းသားလေးနဲ့ မျှော်လင့်နေတဲ့ Jungkook ကို ကြည့်ကာ ပြုံးပြလိုက်ပြီး
" သွားရအောင် "
တယောက်ရဲ့ လက်တယောက်ဆုတ်ကိုင်ကာ ကျောင်းရှေ့ကနေပြေးထွက်လာခဲ့ကြတယ်..အနောက်က ဆရာကတော့ လှမ်းအော်လို့ပေါ့..
" ဟိတ် ဟိုနှစ်ကောင် ပြန်လာခဲ့စမ်း !!!!"
Taehyung ရဲ့ လက်ကိုဆွဲကာ ရှေ့ကပြေးနေတဲ့ Jungkook မှာလည်း.နောက်ကပါလာတဲ့ Taehyung ကိုလှည့်ကာ ပြုံးလို့ အနောက်ကပါလာတဲ့ Taehyung မှာလည်း အပြုံးတွေနဲ့ပေါ့..
ကားဂိတ်ရောက်မှ ဆွဲထားတဲ့ လက်ကိုလွှတ်ကာ ထိုင်ခုံမှာထိုင်လို့အမောဖြေနေကြတယ်..
" ဟူးးး ပျော်စရာကြီး "
" မင်းကျောင်းပြေးဘူးလား Taehyung "
YOU ARE READING
Meet Again pt.1 (complete)
FanfictionJeon Jungkook Kim Taehyung ဒါလေးက un လိုက်တဲ့ နှစ်ပုဒ်အစား ပြန်ရေးပေးမယ်နော် 😍