5

1.3K 109 1
                                    

Taehyung မှာ ဟိုနေ့ညအိမ်ပြန်ရောက်ထဲက
အိပ်လိုက်တာ အဖျားတွေတက်ပြီး နှစ်ရက်လောက်သတိမေ့မျောသွားတဲ့ထိကိုဖြစ်ခဲ့သည်..

အနားမှာ အမေဖြစ်သူကလည်း မရှိတာကြောင့် သူအရမ်းဖျားပြီး သတိမေ့သွားတာတောင် ဘယ်သူမှ မသိခဲ့..

သူပါသာ သက်သာပြီး ပြန်လည် သတိရလာချိန်မှာ ဘေးနားက ဖုန်းလေးကို ဖွင့်ကြည့်လိုက်တော့ Misscall ပေါင်းများစွာ နဲ့ message များက Jungkook စီက ဖြစ်လို့နေသည်..

" Taehyung ဘာလို့ကျောင်းမလာတာလည်း "

"Taehyung ငါဖုန်းကိုဘာလို့မကိုင်တာလည်း "

" Taehyung နေမကောင်းဘူးလား "

အစရှိတဲ့ Message ပေါင်းမြှောက်များစွာထဲကမှ နောက်ဆုံး Message လေး..Taehyung အကျီမြန်မြန်လဲကာ သူသွားဘူးတဲ့ Jungkook ရဲ့ အိမ် စွပ်ပြုတ်ဆိူင်လေးကိုပြေးထွက်လာခဲ့သည်...

စွပ်ပြုတ်ဆိုင်လေးရှေ့ရောက်တော့ စွပ်ပြုတ်ဆိုင်လေးက ဖွင့်လျက် ဒါဆို ဖုန်းထဲက Message ကဘာလည်း..

"အန်တီ Jungkook ရော"

"သခင်လေး"

"ဗျာ ဘယ်လို သခင်လေး "

"တကယ်တော့ jungkook လေးက အန်တီအမျိုးသားကားမောင်း​ပေးရတဲ့ အိမ်က သခင်လေးပါ "

"ဒါ ဒါဆို"
....

Jungkook အိမ်ဆိုတဲ့ စွပ်ပြုတ်ဆိုင်လေးကို Taehyung လိုက်လည်တဲ့ နေကပေါ့

" လာလေ ဒါငါတို့ ဆိုင်လေ "

" အာ ဖွင့်တာမကြာသေးဘူးပဲ မင်းတို့ပြောင်းလာမှ ဖွင့်တာမဟုတ်လား ဒါကြောင့်မင်းအမေက
ဟင်းချက်ကောင်းတာကို "

" အင်း လာခဲ့ "

" အမေ "

"ဟင် သခင်လေး "

Jungkook ဆိုင်ထဲကို ဝင်လာကာ ဆိုင်ရှင် အမျိုးသမီး သူ့အိမ်က ကား Driver ရဲ့ မိန်းမဖြစ်သူကို အမေလို့ခေါ်လိုက်တာကြောင့် ဆိုင်ရှင်အမျိုးသမီးမှာ မျက်လုံးပြူးကာ ပါးစပ်က သခင်လေးလို့ တိုးတိုးလေးထွက်သွားချိန် မျက်မှောင်ကျုတ်ကာ ခေါင်းခါပြလိုက်တဲ့ Jungkook

" အမေ ဒါသား သူငယ်ချင်းလေ အမေချက်တဲ့ဟင်းတွေကြိုက်လို့တဲ့ အိမ်လိုက်လည်လို့ရမလား ပြောလို့ ခေါ်လာတာ "

Meet Again pt.1 (complete) Where stories live. Discover now