နောက်နေ့မနက် အရောက်တော့ အလုပ်သွားဖို့ပြင်ဆင်ရင်း သတိရသွားကာ မနေ့က ဝတ်တဲ့ Suit ရဲ့ အိတ်တွေထဲ အသဲအသန်ပစ္စည်းပျောက်လို့ရှာနေတဲ့ Taehyung..
သူပျောက်သွားတဲ့ ပစ္စည်းလေးက Jungkook ပေးခဲ့တဲ့ နောက်ဆုံးလက်ဆောင်လက်ကိုင်ပုဝါလေး သူသွားလေရာယူသွားတက်တဲ့ အဆောင်လေးတခုလို..
ခုတော့မနေ့က ရေဆိုလို့ချွတ်ပေးလိုက်ပြီး အခြောက်ခံတော့ပြန်မပါလာတာများလားဆိုပြီး Taehyung ထိုHotel ကို ပြန်ရှာဖို့ထွက်လာခဲ့ပြီး.CEO စီလည်းမနက်တပိုင်းခွင့်ယူချင်လို့ ဖုန်းလှမ်းဆက်လိုက်သည်.
" Hello ဟျောင်းပြော "
" CEO ကျွန်တော့ မနက် ကိစ္စလေးရှိလို့ နေ့လည်မှ လာလို့ရမလား"
" ရပါတယ် အရေးကြီးကိစ္စဆိုလည်း ဖြေးဖြေးလုပ်နော် နောက်ကျလည်းဘာမှ မဖြစ်ပါဘူး "
" ဟုတ် CEO ကျေး...."
" ဟျောင်း "
" တောင်းပန်ပါတယ် CEO "
Taehyung လည်း သူ CEO စီ ဖုန်းဆက်ပြီးတာနဲ့ တခါထဲ အဝတ်အစားလဲလို့ထွက်လာခဲ့လိုက်သည်..
Hotel ရောက်တော့ Hotel Laundry ရှိရာစီကိုမေးကာ..Laundry က ဝန်းထမ်းတွေကို မနေ့က အခြောက်ခံတဲ့ အကျီထဲ သူ့လက်ကိုင်ပုဝါလေးများကျန်ခဲ့လားလို့ မေးတော့ မည်သူမှ မသိသလို မပါလာဘူးလို့လည်းပြောတာကြောင့် ပျောက်သွားခဲ့ပြီဟုသာ တွေးရင်း Hotel ထဲကနေ ပြန်ထွက်လာတဲ့ Taehyung..
Taehyung စဝင်လာထဲက မြင်လိုက်တဲ့ Jungkook ဟာ CCTV ခန်းကိုသွားကာ ဘာလာလုပ်တာလည်းဆိုပြီးလိုက်ကြည့်နေမိတယ်..
Hotel ရှေ့ရောက်တော့ အနောက်ကနေလှမ်းခေါ်သံကြားလိုက်တာကြောင့် လှည့်လိုက်တဲ့ Taehyung..
"Kim Taehyung "
" ဟင် Jeon Jungkook "
"ဒါကိုလာရှာတာလား "
Jungkook သူရဲ့ Suit အိတ်ကပ်ထဲက ထုတ်ပြ
လိုက်တဲ့ လက်ကိုင်ပုဝါလေး..ထိုလက်ကိုင်ပုဝါလေးကို မြင်တော့ ပျော်သွားပြီး ပြုံးပြလာတဲ့ အပြုံးလေးက 5 နှစ်လောက် သူအရမ်းလွမ်းပြီး တွေ့ချင်ခဲ့တဲ့ အပြူံးလေး...Jungkook လက်ထဲကနေ လက်ကိုင်ပုဝါလေးကိုလှမ်းယူလိုက်ချိန် Delivery ဆိုင်ကယ်က အနားကနေ ဖြတ်မောင်းသွားတာကြောင့် Taehyung ကို တိုက်မိမှာဆိုးကာ..လှမ်းယူနေတဲ့ လက်ကလေးကိုကိုင်ကာ ခါးလေးကိုပါဖတ်လို့ လှမ်းဆွဲလိုက်တော့..Taehyung လက်တစ်ဖက်က jungkook လက်နဲ့ လက်ကိုင်ပုဝါလေး အပါ ကိုင်လျက်ဖြစ်ကာ Taehyung ရဲ့ကျန်လက်တဖက်က Jungkook ရဲ့ ရင်ဘက်ပေါ်သို့ ကျရောက်သွားကာ Jungkook ရဲ့ နောက်လက်တဖက်ကတော့ Taehyung ခါးလေးကို ဖတ်လျက်ပေါ့..

YOU ARE READING
Meet Again pt.1 (complete)
FanfictionJeon Jungkook Kim Taehyung ဒါလေးက un လိုက်တဲ့ နှစ်ပုဒ်အစား ပြန်ရေးပေးမယ်နော် 😍