ဟိုတလောက အဖြစ်အပျက်ပြီးထဲက Jungkook ဟာ ဆရာတွေကို တိုင်လိုက်တာကြောင့် ထိုဘူလီကျောင်းသားတို့ ဒဏ်ခက်ခံရကာ Jungkook ကို ဘူလီဖို့အနည်းငယ်ရှိန်သွားကြသည်..
ထိုနေ့ထဲက Taehyung လုပ်သမျှကိုသာ အနောက်ကနေ တချိန်လုံးခိုးကြည့်နေတက်တဲ့ Jungkook..
ဘူလီကျောင်းသားတွေရဲ့ မြှားဦး က Taehyung စီပြန်ရောက်လာကာ.. အနောက်ကနေ တချိန်လုံးခေါ်လို့နေသည်..လုံးဝလှည့်မကြည့် Taehyung ကို အမှိုက်ပုံးယူကာ အနောက်ကနေသွန်ချလိုက်တာကြောင့် အအေးဘူးအကျန်က အရည်တို့ဟာ Taehyung ကျောင်းအကျီမှာ ပေကုန်တော့သည်..
ချက်ချင်းဆိုသလိုပင် ထလိုက်တဲ့ Jungkook ကြောင့် Taehyung ကို လုပ်နေတဲ့ ကျောင်းသားတို့ နောက်ဆုတ်သွားကြသည်...
သူအကျီထဲက လက်ကိုင်ပုဝါလေးကို ထုတ်ကာ Taehyung အကျီကို သုတ်ပေးလာတဲ့ Jungkook..
သူကို ဒီလိုလုပ်ပေးလာတာကြောင့် လှည့်ကြည့်လိုက်ပြီး လက်ကို တွန်းဖယ်လိုက်ကာ..
" လုပ်ပေးစရာ မလိုဘူး "
" မင်းမှာ ပေနေတယ်လေ "
" အဲ့တော့ဘာဖြစ်လည်း "
" ငါသုတ်ပေးတာ မကြိုက်ရင် မင်းဘာသာ သုတ်လေ ရော့ "
" ငါမလိုဘူးလို့ပြောပြီးပြီလေ "
သူရှေ့မှာထိုးပေးလာတဲ့ လက်ကိုင်ပုဝါ ကိုင်ထားတဲ့ လက်ကို ရိုက်ချလိုက်ကာ Toilet ရှိကာ ထွက်လာခဲ့တဲ့ Taehyung..
ညနေကျောင်းပြန်တော့လည်း မိုးရွာနေတာ
ကြောင့် ထီးစောင်းဖို့ထီးကိုဖွင့်လိုက်တဲ့ ချိန်မှာ သူ့ရဲ့ထီးကို လုယူသွားကြပြန်တဲ့ ဘူလီကျောင်းသားများ..အနောက်ကနေရောက်လာကာ ထီးလေးပေးလာတဲ့ Jungkook..ထီးကိုကြည့်လိုက်ပြီး Jungkook ကိုကြည့်လိုက်တဲ့ ချိန်မှာ အမြဲပုံးပြတက်တဲ့ အပြုံးလေးနဲ့ ပြုံးပြကာ ထီးယူသွားဖို့ပြောနေပြန်တယ်..
" ရော့ မင်းထီးယူသွားလိုက် "
ဘာစကားတခွန်းမှ ပြန်မပြောတော့ကာ မိုးရေထဲသာ ထွက်လာလိုက်တဲ့ Taehyung..အနောက်ကနေ မသိမသာလေး တိတ်တိတ်လေးလိုက်လို့လာတဲ့ Jungkook..
![](https://img.wattpad.com/cover/339739898-288-k715403.jpg)
YOU ARE READING
Meet Again pt.1 (complete)
FanfictionJeon Jungkook Kim Taehyung ဒါလေးက un လိုက်တဲ့ နှစ်ပုဒ်အစား ပြန်ရေးပေးမယ်နော် 😍