2

1.6K 105 0
                                    

" ရားး Jeon Jungkook "

ထိုင်နေတဲ့ ဖင်ထိုင်ခုံကိုကန်ကာ ခေါ်လိုက်တဲ့ ဘူလီကျောင်းသား မျက်လုံးလေးပြူးကာ စာကြည့်နေရင်းမော့ကြည့်လိုက်တဲ့ Jungkook..

"ငါ့ကိုခေါ်တာလား "

"မင်းကို မခေါ်လို့ဘယ်သူကို ခေါ်ရမှာလည်း ဝက်ကြီးရဲ့ "

"ဟားဟားဟား ဟားဟားဟား"

ဝက်ကြီးလို့ ခေါ်လိုက်တာကြောင့် တခန်းလုံးရဲ့ရီသံတွေက ဆူညံသွားသော်လည်း ထိုရီတဲ့ ထဲမှာ Taehyung မပါ..

တခန်းလုံးကို မျက်နှာငယ်လေးနဲ့ လိုက်ကြည့်လို့နေတဲ့ Jungkook..ရီလည်းမရီ ကြားလည်းမကြားတဲ့ Taehyung ကို မြင်တော့ ခဏလောက်တော့ကြည့်နေမိသေးတယ်..

သူရဲ့ အနောက် မျက်စောင်းထိုးမှာ ထိုင်နေတဲ့ jungkook.. ထိုအသံတွေကို နားကြပ်တပ်ထားသော်လည်း သီချင်း မဖွင့်တဲ့ Taehyung က အကုန်ကြားလို့နေသည်..

" ဘာဖြစ်လို့လည်း "

"သွားမုန့်စျေးတန်းမှာ အအေးနဲ့ မုန့်သွားဝယ်ခဲ့စမ်း "

" ငါကဘာလို့လည်း "

" ဘာလို့လည်းဟုတ်လား ငါလုပ်လိုက်ရ သွားဝယ်ဆိုသွားဝယ်ပေါ့ ဟိုမှာတွေ့လား မင်းရဲ့ စီနီယာ သူတောင်ငါခိုင်းရင် ချက်ချင်းလုပ်နေကြ မင်းက ငါ့ကိုပြန်မေးနေတယ်ပေါ့ "

Jungkook ရဲ့ တခွန်းမကျန်ပြန်မေးနေတာကို စိတ်မရှည်တော့တဲ့ ဘူလီကျောင်းသား..Kim Tae ကိုပါ လက်ညိုးထိုးကာ ပြောလိုက်တော့ Jungkook ရဲ့ အကြည့်တို့က Kim Tae စီရောက်လို့လာသည်.

သူသိလိုက်တာက သူလည်းသူလိုလူမျိုးပဲဖြစ်နေတာကြောင့် ရီလည်းမရီသလို မကြားချင်ယောင်ပါဆောင်နေခြင်းဖြစ်တယ်လို့...နားကြပ်တပ်ထားသော်လည်း အားလုံးကြားနေရပေမယ့် မကြားချင်ယောင်ဆောင်လို့နေလိုက်တဲ့ Kim Tae..

"သွားဝယ်ဆို သွားဝယ်လိုက်ပေါ့ "

နောက်ပါကျောင်းသားတယောက်ရဲ့ လက်နဲ့ရွယ်ကာပြောလိုက်ခြင်းကြောင့်သာ ဝယ်ပေးဖို့ ထွက်လာခဲ့တဲ့ Jungkook..jungkook ထွက်သွားတာကို မသိမသာလေး ခိုးကြည့်မိတဲ့ Taehyung..

"ဟုတ် ဟုတ်ကဲ့ "

" 5မိနစ် အတွင်းပြန်လာခဲ့ "

Meet Again pt.1 (complete) Where stories live. Discover now