22

1.4K 86 2
                                    

တဖြေးဖြေး အခြေအနေတွေက ပို၍သာတင်းမာလာခဲ့သည်..Jungkook ကလည်း မင်းသမီးတယောက်နဲ့ သတင်းတွေထွက်နေသလို Taehyung နဲ့လည်းအရင်လိုခဏခဏ မတွေ့ဖြစ်ကြ.ဒါပေမယ့် အချိန်တိုင်းဖုန်းဆက်တက်တဲ့ Jungkook ကြောင့် Taehyung စိတ်ထဲ နေရအဆင်ပြေခဲ့တယ်..

Social ပေါ်မှာလည်း Jungkook နဲ့ မင်းသမီးရဲ့ သတင်းတွေက ကောင်းသတင်းတွေသာ ထွက်လို့နေသည်.အားလုံးက သဘောတူကြသည်..ထိုသတင်းတွေကို မြင်တိုင်းဝမ်းနည်းရတာလည်း အခါခါပေါ့..ဒါပေမယ့် Jungkook က ဒါတွေအကုန်သူရှင်းပြီး ပြန်လာခဲ့မယ်လို့ ကတိပေးထားခဲ့တယ်...

ဒီရက်ပိုင်းနေသိပ်မကောင်းတာကြောင့် ဆေးခန်းသွားပြပြီး အပြန်ဖုန်းဝင်လာလို့ Grey coffee ဆိုင်ကိုထွက်လာခဲ့တဲ့ Taehyung..လူကစိတ်ရော လူရောပင်ပန်းနေတာကြောင့် လူက လန်းလန်းဆန်းဆန်းရှိမနေ.အဆင့်တန်းမြင့်မြင့် Coffee ဆိုင် တဆိုင်ဖြစ်တာကြောင့် တီးလုံးသံညိမ်ညိမ်လေး နဲ့ သူပါသာ အေးဆေး စာအုပ်လေးဖတ်ရင်း coffee သောက်နေတဲ့သူတွေရယ်..သူငယ်ချင်းနှစ်ယောက် coffee လာသောက်တဲ့သူတွေရယ်သာရှိပြီး တိတ်ဆိတ်လို့​နေသည်...

သူဆိုင်ထဲဝင်လာပြီး Jungkook အမေရှိရာ လမ်းလျှောက်လာကာ ရှေ့ကိုလည်းရောက်ရော ချက်ချင်းဆိုသလိုထလိုက်ပြီ Taehyungရဲ့ပါးကိုရွယ်လို့အားနဲ့ ရိုက်ချလိုက်တယ်..

ဖြောင်းး

Taehyung မှာ နေမကောင်းတာကြောင့် အမျိုးသမီးတယောက်ရဲ့ ပါးရိုက်ခံရတာတောင် လဲကျသွားခဲ့တယ်.. တိတ်ဆိတ်နေတဲ့ ဆိုင်ထဲ ဖြောင်းဆိုတဲ့ ပါးရ်ိုက်သံက ပဲ့တင်ထပ်ကာ ဝိုင်းတိုင်းရှိလူအများရဲ့ အကြည့်တို့ကသူ့စီသို့ကောက်လာခဲ့သည်..လဲကျနေတဲ့ သူ့ရဲ့ကိုပေါ်သို့ ထပ်မှန် နွားနို့တွေနဲ့ လောင်းချပြန်တဲ့ Jungkook အမေ

" မင်းကို ငါဘာပြောထားလည်း ငါ့သားနဲ့ဝေးဝေးနေပါလို့ပြောထားတာ နားမလည်တာလား  "

Taehyung လည်း ရှက်ရှက်နဲ့ ထိုနေရာနဲ့ အဝေးဆုံးကိုပြေးထွက်လာခဲ့လိုက်သည်..ပန်းခြံတခုရဲ့ ထိုင်ခုံတန်းလျားလေးမှာထိုင်ကာ ငိုနေမိပြန်တယ်..သူ့ကိုသူလည်း အချိန်တိုင်းဘာမှ မလုပ်နိုင်ပဲ ငိုနေမိတာကြောင့် သူ့ကိုသူလည်းဒေါသထွက်လို့နေသည်..

Meet Again pt.1 (complete) Where stories live. Discover now