16

1.1K 84 2
                                    

ညနေ ရုံးပြန်တော့ အရင်က ညတိုင်းသွားဖြစ်ပေမယ့် ခုနောက်ပိုင်း Yoongi လိုက်ပို့တာများတော့ မရောက်တာတောင် အလုပ်စလုပ်တဲ့နေ့ထဲကလို့ပဲပြောရမလားပေါ့..ခုတော့ မရောက်တာကြာသွားပြီဖြစ်တဲ့ လမ်းထိပ်က ကုန်စုံဆိုင်လေးစီကို ကားဂိတ်ကနေလမ်းလျှောက်လာခဲ့လိုက်တဲ့ Taehyung

" ဟာ Taehyung မလာတာကြာပြီနော် ဦးက ပြောင်းသွားပြီတောင်ထင်နေတာ "

" ဒီနေရာလေးကနေ ဘယ်တော့မှ ပြောင်းသွားဖို့ မဖြစ်နိုင်ပါဘူး ဦးလေးရယ် "

" Jungkook ကို သတိရနေတုန်းလား "

Taehyung အဖြေတော့ပြန်မပေးပေမယ့် ပြုံးကာ ခေါင်းလေးတော့ညိတ်ပြလိုက်တာနဲ့ သိသွားတဲ့ ဦးလေးကြီး..ဂိမ်းစက်လေးမှာ ထိုင်လိုက်ကာ အကြွေစေ့လေးတွေကို ဂိမ်းစက်ပေါ်တင်လို့ Jungkook နဲ့တူတူ ဆော့နေကြဂိမ်းလေးကို အမြဲတယောက်ထဲ ဆော့နေတက်တာ ခုလည်းထိုဂိမ်းကိုသာ ကစားလို့နေသည်...

တစ်နာရီလောက်အကြာ မှာ ဂိမ်းစက်ပေါ်က အကြွေစေ့လေးတွေကုန်လို့သွားတော့ တချက်ပြုံးလိုက်ကာ ပါးစပ်ကလည်း လွမ်းနေတဲ့အကြောင်းကို ရေရွတ်လိုက်မိတယ်

" Bogoshipda "

ထိုစကားကို အနောက်မှာ ရပ်လို့နေတဲ့ Jungkook ကြားသွားခဲ့သည်..တကယ်တော့ ဒီနေ့ သူဘယ်သူလည်းဆိုတာ ပြောပြဖို့ Taehyung အလုပ်ပြန်ကိုစောင့်ကာ အနောက်က လိုက်ခဲ့ခြင်းဖြစ်သည်..

Taehyung က အိမ်ကိုတန်းမပြန်ကာ ကားဂိတ်ကနေ ကုန်စုံဆိုင်ရှိရာ သွားနေတာသိတော့ ကားကို အဆင်ပြေမယ့်နေရာ ရပ်ကာ အနောက်ကနေတိတ်တိတ်လေးလိုက်ခဲ့ခြင်းဖြစ်သည်..

ဘာတွေများ စဥ်းစားပြီးသွားနေလည်းမသိ အနောက်ကလူတယောက်လိုက်လာတယ်ဆိုတာတောင် မသိလောက်အောင်အတွေးထဲမှာမျောနေပုံရသည်..

" တကယ်လား "

သူလွမ်းနေကြောင်းပြောလိုက်တာကို အနောက်ကနေ တကယ်လားလို့ မေးလာတာကြောင့် တယောက်ယောက်များ စတာလား ဒါမှမဟုတ် Jungkook များ ပြန်လာတာလားဆိုတဲ့ စိတ်နဲ့ အနောက်ကို လှည့်ကြည့်လိုက်ချိန် သူရှေ့ကို ထိုးပေးလာတာ လက်ဝါးပေါ်က အကြွေစေ့လေး

Meet Again pt.1 (complete) Where stories live. Discover now