13

1.2K 101 2
                                    

နောက်နေ့မနက်စောစော Jungkook ထက် အရင်နိုးနေကာ မနက်စာပြင်ဆင်လို့နေတဲ့ Taehyung.
.
အားလုံးပြင်ဆင်ပြီးသွားလို့ ဘေစင်မှာ လက်ဆေးပြီး ပြန်အလှည့် Jungkook ကလည်း Taehyung ခေါင်းပေါ်တည့်တည့်ကဗီဒိုထဲကနေ ကော်ဖီခွက်ကို လှမ်းအယူ..

Jungkook က Taehyung ပြန်မလှည့်နိုင်သေးဘူးအထင်နဲ့ အနောက်ကနေယူလိုက်ပေမယ့် တိုက်ဆိုင်စွာ Taehyung ကလည်း လှည့်လိုက်တဲ့ အချိန်..

ဗီဒိုထဲက ကော်ဖီခွက်ကိုယူရင်း အောက်ကို ငုံ့
ကြည့်လိုက်တော့ သူရင်ခွင်ထဲ ရောက်လို့နေတဲ့ Taehyung ကလည်း မော့လို့ကြည့်နေတယ်..

" sorry Taehyung ငါက မင်းလက်ဆေးနေတုန်းထင်လို့ ကော်ဖီခွက်လှမ်းယူလိုက်တာ "

"ဟုတ် စားလို့ရပြီ CEO.. မဟုတ်ဘူး Jung Jungkook "

ထမင်းစားဝိုင်းမှာ မျက်နှာခြင်းဆိုင် ထိုင်ကာ မနက်စာစားနေကြပေမယ့် Taehyung မှာ ခေါင်းကိုငုံ့လို့ ထမင်းပန်ကန်သာကြည့်ပြီးစားလို့နေသည်..

" ငါနဲ့ စားရတာ မင်းအတွက် အခက်ခဲရှိရင် နောက်နေ့ Hotel မှာ ပဲ စားရအောင် "

" မဟုတ်ပါဘူး "

"ဒါဆို ခေါင်းလေးမော့စားလေ "

"ဟုတ် "

Taehyung ခေါင်းလေးမော့လိုက်တော့ သူ့ကိုသေချာကြည့်လို့နေတဲ့ Jungkook.Taehyung ရဲ့ နှုတ်ခမ်းထောင့်မှာ ကပ်လို့နေတဲ့ ထမင်းစေ့လေးကို လှမ်းခွာပေးလိုက်သေးတဲ့ Jungkook..

Tae pov.. ငါအဖြစ်ကဘယ်လိုကြီးလည်း CEO နဲ့တုန်းကရော..အခု jungkook နဲ့ကရော သူတို့နှစ်ယောက်စလုံးက ငါ့အပေါ်ခံစားချက်ရှိနေကြတာလားး ဟူးး နေရခက်လိုက်တာနော်..

ထမင်းကိုမစားပဲ မွှေနေတဲ့Taehyung..အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ Jungkook..တကယ်တော့ Taehyung က အတွေးထဲမျောနေခဲ့တာ.

" စားရတာ အဆင်မပြေဘူးလား Taehyung "

" ဟင် မဟုတ်ပါဘူး ကောင်းပါတယ် "

"ခဏနေ သွားကြမယ် နော် ဟိုရောက်ရင် အလုပ်များတော့မှာ "

Hotel ကိုရောက်ထဲက ရုံးခန်းထဲမှာ ခေါင်းခြင်းဆိုင်နေတဲ့ သူတို့နှစ်ယောက်..လာတည်းမှာ အဖွဲ့အရေအတွက် နဲ့ လူဦးရေ.. အခန်းခွဲရတာနဲ့ တင် မနက်ပိုင်းတပိုင်းက အချိန်ဘယ်လိုကုန်သွားမှန်းကို မသိလိုက်ဘူး နေ့လည်စာကို Hotel ကနေသာ မှာစားလိုက်ပြီး စာရင်းတွေကြည့်နေရင်းနဲ့သာ ကမန်းကတန်းစားလိုက်ရတယ်..

Meet Again pt.1 (complete) Where stories live. Discover now