Jungkook အိမ်ပြန်ရောက်တော့ အိမ်ရှေ့ဧည့်ခန်းမှာ စာအုပ် ထိုင်ဖတ်လို့နေတဲ့ အမေဖြစ်သူ..
jungkook ပြန်လာတာမြင်တော့ ဖတ်နေတဲ့ စာအုပ်ကို ပိတ်ကာ စားပွဲပေါ်တင်လိုပြီး.." သား ခဏလာအုံး "
" ဟုတ် အမေ "
သူ့ရှေ့တည့်တည့်မှာထိုင်လိုက်တဲ့သားဖြစ်သူကို သေချာကြည့်ကာ..
" ငါ့သား အကြိုက်က 5နှစ်ကြာသွားတာတောင်မပြောင်းဘူးနော်"
အမေဖြစ်သူပြောလိုက်တဲ့ စကားကိုနားမလည်ဖြစ်နေတဲ့ Jungkook..အမေဖြစ်သူကို ပြန်ကြည့်လိုက်ပြီး နားမလည်ဟန်ပြကာ
" ဘာကိုလည်း အမေ "
" ရှေ့က စာအိတ်ထဲကပုံလေးတွေ ကြည့်လိုက် "
သူရှေ့မှာရှိနေတဲ့ အညိုရောင်စာအိတ်လေးကို ဖွင့်ကာ ကြည့်လိုက်တော့ Taehyung နဲ့ သူရဲ့ ပြန်တွေ့ချိန်က ဖတ်ထားတဲ့ ပုံတွေ..ဘူဆန်မှာနှစ်ယောက်ထဲ သွားလာနေတဲ့ပုံတွေ ကမ်းခြေကပုံတွေပေါ့..Jungkook စာအိတ်ထဲက ဓာတ်ပုံတွေကိုကြည့်နေချိန်
" Kim Taehyung.. အဖေက ငယ်ငယ်လေးထဲက ဆုံးသွားပြီ..အမေက လွန်ခဲ့တဲ့ နှစ်ကမှ ဆုံးသွားတာ..မိမရှိ ဖမရှိတကောင်ကြွက်...အမေဖြစ်သူက အပျော်မယ်..ခုက Yoongi စီမှာ အတွင်းရေမှုးလုပ်နေတယ်..မင်းနဲ့က ချစ်သူတွေဖြစ်နေပြီ "
" အမေ "
" လွန်ခဲ့တဲ့ 5 နှစ်က အဂ်လန်ကိုချက်ချင်းပြောင်းသွားတာ ဘာကြောင့်လည်း သားသိလား မင်းအဲ့လိုကောင်လေးမျိုးနဲ့ခင်နေလို့ ငါမင်းရဲ့ အချစ်ကို မကန့်ကွက်ဘူး ဒါပေမယ့် ငါ့အသိုင်းအဝိုင်းတွက်က ယောကျားလေးဖြစ်နေရင်တောင် Kim Taehyung လို မျိုးမကောင်းတော့ အဖြစ်မခံနိုင်ဘူး Jeon Jungkook."
" အမေ Tae က သူလုပ်ခဲ့တာမဟုတ်ပဲ "
" ဆက်မပြောနဲ့ မိဘရုပ်ညံ့ရင် ဒီမိဘက ဆင်းသက်လာတဲ့ ဒီသွေးက ပါလာမှာပဲ "
" အမေ Tae က အဲ့လိုလူစားမဟုတ်ဘူး "
" ရပ်တန်းကရပ်လိုက်တော့ အချိန်မနှောင်းသေးဘူး မင်းအဖေသိရင်ပိုဆိုးမယ် သား သွားနားတော့ "
လက်ထဲက စာအိတ်ကို ပြစ်ချကာ အမေဖြစ်သူရှေ့က ထွက်လာခဲ့ပြီး အခန်းထဲသို့ဝင်လာခဲ့လိုက်သည်..အခန်းထဲရောက်တော့ မွေ့ယာပေါ် အိပ်ချလိုက်ကာ..မျက်နှာနဲ့ ခေါင်းအုံးအပ်ကာ သူငိုနေမိတယ်.သူ Taehyung နဲ့ ထပ်ပြီးတော့ မခွဲနိုင်ဘူး..ဒီတခါဝေးရင် တကယ်ဝေးသွားမှာက သေချာနေပြီ..သူTaehyung လက်ကိုဆွဲလို့ အရာရာ ရင်ဆိုင်မယ်လို့သာ ဆုံးဖြတ်ထားလိုက်တယ်..

YOU ARE READING
Meet Again pt.1 (complete)
FanfictionJeon Jungkook Kim Taehyung ဒါလေးက un လိုက်တဲ့ နှစ်ပုဒ်အစား ပြန်ရေးပေးမယ်နော် 😍