Daechwita Daechwita
"Hello ဟျောင်း ဒီအချိန်ကြီး "
" CEO ဟင့် ဟင့် "
"ဟျောင်းဘာဖြစ်လို့လည်း ကို အခုလာခဲ့မယ် ဟျောင်း ဘယ်မှာလည်း "
" မသိဘူး မှောင်မဲနေတာပဲ ဘယ်သူမှလည်းမရှ်ဘူး ဘာကားမှလည်းမတွေ့ဘူး "
"အင်တာနဲ့ဖွင့်ပြီး GPS ကြည့်လိုက်ပြီးရင် ကို့စီပို့ပေး ကို အခုချက်ချင်းလာခဲ့မယ် "
အခြေအနေကိုရိပ်မိလိုက်တဲ့ Yoongi မှာ ကားသော့ကို ယူကာ ချက်ချင်းထွက်လာခဲ့လိုက်တယ်.. ကားပေါ်ရောက်တော့ Taehyung ပို့ပေးလာတဲ့ message ကိုကြည့်ပြီး အမြန်ဆုံးမောင်းထွက်လာခဲ့သည်..
မြို့ပြင်တနေရာအရောက် GPS ထဲက နီးကပ်နေပြီဆိုတဲ့ အချက်လေးနဲ့အတူ ဖြေးဖြေးခြင်းမောင်းကာ ဘေးဘီကိုကြည့်လိုက်တော့ ကားမီးရောင်ရှေ့ပေါ်လာတဲ့ လမ်းဘေးမှာထိုင်နေတဲ့ Taehyung..
ကားမီးရောင်ကြောင့် ထိုင်နေရာကနေထလိုက်တဲ့ Taehyung..ကားပေါ်ကပြေးဆင်းလာတဲ့ yoongi..မီးရောင်ထဲမှာ မြင်လိုက်ထဲက ဒီလောက်အေးနေတဲ့ ရာသီမှာ အဝတ်ပါးလေးနဲ့ Taehyung ဘယ်လောက်အေးနေမလည်းဆိုတာသိလို့..သူယူလာတဲ့ ကုတ်အကျီကို ယူလာပြီး Taehyung ရဲ့ ခန္တာကိုယ်လေးကို ခြုံပေးလိုက်တော့ မော့ကြည့်လာတဲ့ Taehyung.. CEO ရဲ့ ရင်ဘက်မှာ ခေါင်းလေးမှီလိုက်ပြီး
" ဟင့် ကျွန်တော်ဘယ်လိုလုပ်ရမလည်း CEO "
Taehyung ရဲ့ ခန္တာကိုယ်လေးကိုဖတ်ထားလိုက်ကာ ကျောပြင်လေးကို ပုတ်လို့ နှစ်သိမ့်ပေးလာတဲ့ CEO..
" ပြန်ရအောင် ဟျောင်း အရမ်းအေးနေပြီမဟုတ်လား "
Taehyung ကိုတွဲကာ ခေါ်လာပြီး ကားထဲဝင်စေကာ ခါးပတ်လေးပတ်ပေးလို့ သူလည်း Driver နေရာမှာ ပြန်ထိုင်လိုက်ကာ သူ့အိမ်သို့သာပြန်လာခဲ့လိုက်တယ်..
အိမ်ရောက်တော့ ဘေးမှာပါလာတဲ့ Taehyung က အဖျားတွေတက်ကာ အိပ်ပျော်လို့နေတယ်..Taehyung ရဲ့ ခန္တာကိုယ်လေးကိုပွေ့ချီလိုက်ကာ တခါက Taehyung အသုံးပြုခဲ့ဘူးတဲ့ အခန်းလေးမှာပဲ အိပ်စေလိုက်ကာ တညလုံးရေပက်ဝတ်တင်ပေးလို့နေတဲ့ CEO Min..
မနက်စောစောမှာ ဖုန်းဆက်အကြောင်းကြားလိုက်တာကြောင့် အားကျင်းရောက်ချလာတဲ့ Jungkook..

YOU ARE READING
Meet Again pt.1 (complete)
FanfictionJeon Jungkook Kim Taehyung ဒါလေးက un လိုက်တဲ့ နှစ်ပုဒ်အစား ပြန်ရေးပေးမယ်နော် 😍