Part 3 Unicode

676 39 0
                                    

"မြန်မြန်လာချမ်း"

"‌ဘာများဖြစ်လို့လဲဖြေးဖြေးချော်လဲမယ်"

ကျောင်းပိတ်ရက်ကြီးဟာဗင်ရီကသူ့အိမ်ရောက်ချလာ၍အတင်းခေါ်လို့အောက်ထပ်ကိုအမြန်လိုက်သွားရသည်။ချော်လဲမှာဆိုးလို့ပြောတာကိုဟာဗင်ရီကသူ့စကားကိုနားမထောင်ချမ်းငြိမ်းငယ်ရဲ့လက်ကိုဆွဲကာဆက်သွားနေသည်။

"ချမ်းမင်းချောကလက်ကိတ်ကြိုက်တယ်ဆိုလို့ငါအိမ်ပြန်ရောက်တော့လိုင်းပေါ်ကကြည့်ပြီးလုပ်ကြည့်ထားတာစားကြည့်ပါလားဟင်"

အရမ်းစိတ်လှုပ်ရှားနေပုံပေါ်နေတဲ့ဟာဗင်ရီကချစ်ဖို့ကောင်းတာကြောင့်ပြုံးလိုက်မိသည်။စားပွဲပေါ်ကစားချင်စရာကိတ်လေးကိုကြည့်ရုံဖြင့်သေချာလုပ်ပေးထားမှန်းသိသာသည်။

"မင်းကလဲဆိုင်က၀ယ်ခဲ့လဲရတာကိုနေပါအုံးမင်းလက်ကဘာဖြစ်တာလဲကိတ်လုပ်ရင်းဖြစ်တာလား"

"‌အော်ငါ့လက်ကိုစိတ်မပူပါနဲ့ဘာမှမဖြစ်ဘူးမြန်မြန်စားပါ"

ချမ်းငြိမ်းငယ်လဲဆက်မပြောတော့ဘဲမြန်မြန်ဇွန်းကိုယူလိုက်ကာစားကြည့်လိုက်သည်။

"ကောင်းလိုက်တာပထမဆုံးလုပ်တာတောင်အရမ်းကောင်းတာဘဲ"

ချမ်းငြိမ်းငယ်ပျော်နေတာကိုမြင်တော့ဟာဗင်ရီပါပျော်မိသည်။မနေ့ကအိမ်ပြန်ရောက်ထဲကလိုအပ်တာတွေထွက်၀ယ်၍ YouTube ထဲ၀င်ကာချောကလက်ကိတ်လုပ်နည်းကိုကြည့်၍အစမ်းတစ်ခုလုပ်ကြည့်တော့လုံး၀အဆင်မပြေ။လက်ပါအပူလောင်သွားသေးသည်။

ဒုတိယအခါကျတော့အဆင်ပြေသွားသည်။တစ်ခါမှဒီလိုတွေမလုပ်ဘူးတာမလို့သူ့အတွက်အရမ်းခက်ခဲသည်။သို့သော်ကိတ်စားနေတုန်းကပျော်နေတဲ့ချမ်းရဲ့မျက်နှာလေးကိုတွေးမိတော့ပင်ပန်းတာတွေပျောက်ကုန်သည်။မနက်ကျစောစောထ၍ကိတ်ထပ်လုပ်ကာချောကလက်နဲ့ပတ်သတ်တာတွေဝယ်၍ချမ်းစားရန်ယူလာခဲ့သည်။

"လာလေမင်းလဲစားအုံး"

"အော်အင်းတော်ပြီမင်းဘဲစားပါ"

"ဟာဗင်ရီကချစ်ဖို့ကောင်းလိုက်တာမုန့်တွေပါ၀ယ်ခဲ့တာဘဲကျေးဇူးပါနော်"

You can't leave me(Completed)Where stories live. Discover now