"အမလေး!"
နိုးနိုးချင်းဟာဗင်ရီကသူ့ကိုပြုံးပြီးကြည့်နေတာကြောင့်လိပ်ပြာလွင့်မလိုတောင်ဖြစ်သွားသည်။
"ဘာလို့ငါ့ကိုကြည့်နေတာလဲ"
"ချစ်လို့လေ"
"ဖယ်တော့မျက်နှာသစ်ဦးမယ်"
"နမ်းရင်ဖယ်ပေးမယ်"
ဒီရက်ပိုင်းဟိုလူပြောသလိုနေရမှာဖြစ်တာကြောင့်စိတ်လျှော့၍ဟာဗင်ရီ့ပါးကိုဖွဖွလေးနမ်းလိုက်သည်။
"ကိုယ်မင်းကိုချစ်တယ်"
ဟာဗင်ရီပြောတာကိုငါလဲချစ်ပါတယ်လို့တော့ပြန်မဖြေနိုင်တာကြောင့်ပြုံးပြလိုက်သည်။
"အော်ဒါနဲ့ချမ်းကိုယ်လူလဲလိုက်ပြီနော်"
ထိုစကားကိုကြားတော့ဟာဗင်ရီသိသွားတာများလားဆိုပြီးလန့်သွားသည်။လူလဲလိုက်ပြီဆိုတော့သူဟိုလူနဲ့ဘယ်လိုဆက်သွယ်ရတော့မလဲ။ချမ်းလဲမျက်နှာအမူအရာကိုအမြန်ထိန်းကာ
"ဟင်ဟုတ်လားဘာလို့လဲ"
"အော်သူသေသွားပြီလေ"
"ဘယ်လို!"
"အော်ကိုယ့်ရဲ့ချမ်းကိုနားဆေးခန်းကိုခေါ်သွားရမယ်ထင်တယ်"
"ဘယ်လိုဖြစ်တာလဲ!"
"မသိချင်စမ်းပါနဲ့"
"မင်း! မင်းလုပ်လိုက်တာလား"
"အိုး ချမ်းနဲ့သူနဲ့ကဘယ်တုန်းကရင်းနှီးသွားတာလဲတစ်ခုခုများလုပ်မလို့ကြံစည်ထားတာလား ဟမ်"
"အာ ဟင့်အင်းဒီတိုင်းလန့်သွားလို့ပါဘာမှမဟုတ်ဘူး"
သွားပြီ ထွက်သွားရတော့မယ်ဆိုပြီးပျော်နေခဲ့တာအခုတော့ဒီအိမ်ကြီးထဲမှာဘဲနေနေရတော့မယ်။
"ကိုယ်အလုပ်သွားရတော့မယ်ဒါနဲ့နောက်တစ်ခါခွင့်မလွှတ်ဘူးနော်"
ဟာဗင်ရီကသူ့ကိုနမ်းပြီးအခန်းထဲကထွက်သွားသည်။ဒါဆိုအစထဲကဟာဗင်ရီကအကုန်သိနေတာလား။ဘယ်လိုသိနေတာလဲ။ချမ်းတစ်ယောက်ထဲအတွေးပေါင်းစုံနဲ့ကျန်ခဲ့သည်။
>>>>>>>>>>>>>>>>>>>
"Boss Deva is coming"
"Boss deva လာပြီ"
YOU ARE READING
You can't leave me(Completed)
Misterio / Suspensoမင်းရဲ့မျက်၀န်းလှလှတွေကကိုယ့်ကိုယ်ဘဲကြည့်ရမယ်။ မင်းရဲ့နှုတ်ခမ်းဖျားကကိုယ့်နာမည်ကိုဘဲခေါ်ရမယ်။ မင်းရဲ့အသက်ရှုသံကအစကိုယ့်အတွက်ဘဲဖြစ်ရမယ်။ မင်းရဲ့အရာအားလုံးကကိုယ့်အတွက်ဘဲဖြစ်ရမယ်ချမ်း။ အတ္တကြီးတယ်လို့ဆိုရင်လဲအဲ့တာမင်းကိုသိပ်ချစ်လွန်းလို့ပါ သိပ်ချစ်လွ...