"မြန်မြန်စားပြီးပြန်တော့"
"ဟာmomနဲ့ရန်ဖြစ်ထားပါတယ်ဆို။
I don't want to go home"မနက်ထဲကအိမ်ရောက်ချလာသောdevaကြောင့်နှင်ထုတ်တော့လဲထမင်းစားပြီးပြန်မယ်ဆိုပြီးအခုကျတော့တစ်မျိုးပြောင်းသွားပြန်သည်။devaကအမေရိကန်မှာဘဲမွေးတာကြောင့်စကားပြောရင်အင်္ဂလိပ်လိုညှပ်ပြောတတ်သည်။အဖေကမြန်မာလိုသာမသင်ပေးခဲ့ရင်ပြောတတ်မှာမဟုတ်။
"မရဘူးမင်းမုန့်စားပြီးပြန်မယ်ပြောထားတာလေ"
"နေပါဦးဘယ်မှာလဲbrotherရဲ့ယောင်္ကျား"
"အိပ်နေတယ်ညိမ်ညိမ်နေစမ်း"
သူ့ယောင်္ကျားကိုအရမ်းအထိမခံဖြစ်နေသောအကို့ကိုကြည့်ပြီးအမြင်ကပ်မိသည်။ငယ်ငယ်ထဲကအကိုကသူ့အခန်းထဲကိုဘယ်သူမှမ၀င်ခိုင်းပေ။အဲ့တာကိုdevaကရှည်ပြီး၀င်လိုက်၍လျှောက်မွှေရာမှစာအုပ်တစ်အုပ်ကိုဖတ်မိပြီးအကိုကယောင်္ကျားလေးတစ်ယောက်ကိုကြိုက်နေမှန်းသိလိုက်ရသည်။
သူ့စာအုပ်ဖတ်နေတာမိသွားတုန်းကအရိုက်ခံရတာအဖေက၀င်ဆွဲရတဲ့အထိဘဲ။အကိုကအရမ်းဒေါသကြီးသည်။
"ဧည့်သည်ရောက်နေတာလားဟာဗင်ရီ"
"အော်အင်းချမ်းနိုးပြီလား"
"ကျွန်တော်ကdevaပါဟာဗင်ရီရဲ့ညီမတွေ့ရတာ၀မ်းသာပါတယ်"
"ဟင်"
"အော်ကျွန်တော်ကမိန်းကလေးဖြစ်ပေမဲ့ကျွန်မလို့မပြောတတ်ဘူးတစ်မျိုးဖြစ်သွားလို့လား"
"ဟင့်အင်းမြန်မာမှာလဲကျွန်တော်လို့သုံးတဲ့အမျိုးသမီးတွေရှိတယ်ကိစ္စမရှိပါဘူး"
ချမ်းတစ်ယောက်ထိုမိန်းကလေးကိုဘဲအကူအညီတောင်းရမလားလို့တွေးလိုက်မိတယ်။
"ကျစ် စောက်ဖုန်းကလာပြန်ပြီ။ ချမ်းငယ်ခဏစောင့်ဦးကိုယ်ပြန်လာမယ်ဒီကောင်ကိုအရေးတစ်ယူ စကားမပြောလဲရတယ်"
"သွားသွားကိုက်စားထားမှာကြည့်နေ"
"အသတ်ခံချင်လို့လားညိမ်ညိမ်နေသူ့ကိုမထိနဲ့"
YOU ARE READING
You can't leave me(Completed)
غموض / إثارةမင်းရဲ့မျက်၀န်းလှလှတွေကကိုယ့်ကိုယ်ဘဲကြည့်ရမယ်။ မင်းရဲ့နှုတ်ခမ်းဖျားကကိုယ့်နာမည်ကိုဘဲခေါ်ရမယ်။ မင်းရဲ့အသက်ရှုသံကအစကိုယ့်အတွက်ဘဲဖြစ်ရမယ်။ မင်းရဲ့အရာအားလုံးကကိုယ့်အတွက်ဘဲဖြစ်ရမယ်ချမ်း။ အတ္တကြီးတယ်လို့ဆိုရင်လဲအဲ့တာမင်းကိုသိပ်ချစ်လွန်းလို့ပါ သိပ်ချစ်လွ...