Part 22 Unicode

384 18 1
                                    

မှတ်ဉာဏ်တွေပြန်ရပြီးထဲကဒီအိမ်ထဲမှာပြန်ပိတ်မိနေတာသုံးလလောက်ရှိပြီဖြစ်သည်။ဟာဗင်ရီကလဲသူမတွေ့ချင်တာသိလို့ထမင်းစားခါနီးဆိုအခန်းရှေ့မှာတံခါးခေါက်ပြီးချသွားပေးသည်။ချမ်းမသိအောင်ညဘက်တွေခိုးခိုး၀င်လာတတ်သည်ချမ်းကအိပ်ချင်ယောင်ဆောင်နေတာကိုဟာဗင်ရီမသိပေ။အခုလဲတံခါးခပ်တိုးတိုးဖွင့်သံကြားတာကြောင့်အိပ်ချင်ယောင်ဆောင်လိုက်သည်။


"Happy birthday ချမ်း"

ဟာဗင်ရီရဲ့ခပ်တိုးတိုးအသံကြောင့်ချမ်းအခုကjuly 23တောင်ရှိပြီဘဲဟုတွေးလိုက်မိသည်။အရင်ကသူ့မွေးနေ့ဆိုအဘွားကမုန့်တစ်ခုမဟုတ်တစ်ခုလုပ်ပေးထားတာတွေးမိတော့ငိုချင်လာမိသည်။

"ချမ်း!နိုးနေတာလား"

ဟာဗင်ရီလဲသိပြီဆိုတော့မထူးတာနဲ့မျက်လုံးဖွင့်လိုက်သည်။

"ဘာလာလုပ်တာလဲအခုမှညဘဲရှိသေးတယ်"

"ချမ်းရဲ့မွေးနေ့အဲ့တာကိုယ်..."

"ပြောစရာရှိတာပြော"

"ကိုယ်တို့မနက်ကျမြန်မာကိုသွားကြမယ်ကိုယ်ကြိုပြီး လေယာဉ်လက်မှတ်၀ယ်ထားတာကြာပြီ"

ဟာဗင်ရဲ့စကားကြောင့်ချမ်းအံ့ဩသွားမိသည်။

"တစ်ကယ်လား!"

"ဒါပေါ့"

"ကျေးဇူးဘဲ"

"အာဘွားပေးလေ"

"သေလိုက်"

"အခုမပေးရင်အဘွားရှေ့မှာနမ်းပစ်မှာနော်"

ပြွတ်

"ချစ်တယ်"

"မုန်းတယ်"

ဟာဗင်ရီကပြုံးပြကာ

"ဒါဆိုမနက်ကျကိုယ်လာနှိုးမယ်နော် sweet dreams love"

ဟာ‌ဗင်ရီကိုလျစ်လျူရှုလိုက်ကာအိပ်ဖို့ပြင်လိုက်သည်။မနက်ဖြန်မြန်မာပြန်ရတော့မှာမလို့စိတ်လှုပ်ရှားနေမိသည်။
>>>>>>>>>>>>>>
မနက်ကျဟာဗင်ရီကအကုန်ပြင်ပေးထားတာမလို့ကားပေါ်တက်ပြီးလေဆိပ်ကိုလိုက်သွားလိုက်သည်။အသွားတုန်းကလိုအချိန်အတော်ကြာအောင်စီးပြီးနော်သူချစ်တဲ့မြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့သည်။

"ချမ်းငယ်အဘွားအတွက်အသီးလေး၀ယ်သွားကြမယ်နော်"

"အင်း"

ဟာဗင်ရီကသူ့ကိုကားထဲထည့်လိုက်ကာသစ်သီးဆိုင်ကိုမောင်းလိုက်သည်။သူ့ခြေထောက်ကအရင်ကလို၀ှီးချဲမလိုတော့ပေမဲ့ချိုင်းထောင့်တော့လိုသေးသည်။


"ဟာဗင်ရီငါဒီရှေ့မှာဘဲစောင့်နေမယ်လေရှုချင်လို့"

ဟာဗင်ရီကခဏလောက်တွေဝေနေပြီးမှသူ့ကိုထားကာသွားသည်။ဒါတောင်လှည့်ကြည့်လှည့်ကြည့်နဲ့၀င်သွားသေးသည်။ဟာဗင်ရီကိုစောင့်နေရင်းခပ်ညစ်ညစ်အဝတ်အစားနဲ့တံမြတ်စီးလှဲ‌ နေတဲ့မိန်းကလေးဆီအကြည့်ရောက်မိသည်။

"မိုး..."

‌ထိုကောင်မလေးအနားကိုချိုင်း ထောင့်အကူအဖြင့်သွားလိုက်သည်။

"မင်း မိုးလား"

"ရှင် ရှင်က..."

"ကိုယ်ကချမ်းလေ"

"ဘယ်လိုဖြစ်တာလဲရှင့်ခြေထောက်က"

"ကိစ္စတွေအများကြီးဖြစ်သွားတယ်မင်းကရောဘယ်လိုလုပ်..."

မိုးမျက်နှာကတစ်ခုခုကိုမြင်လို့လန့်သွားပုံရကာ

"ကျွန်မသွားတော့မယ်"

"နေဦးလေ"

"ချမ်း!ဘယ်သူ့ကိုခေါ်နေတာလဲ"

ဟာဗင်ရီကသစ်သီးဆိုင်ကနေလှမ်းအော်တော့ချမ်းလန့်သွားကာ

"ဟင့်အင်းဘာမှမဟုတ်ဘူးကြောင်လေးကထွက်ပြေးသွားလို့"

"ဟာအဲ့ဟာတွေကိုဂရုမစိုက်ပါနဲ့လို့ပြောထားတယ်လေနေဦးကိုယ်လာပြီ"

"ကြောင်ဆိုတာသေချာလို့လားချမ်း"

"ဟင် အင်းကြောင်ပါ"

အမှန်တော့ချမ်းကောင်မလေးတစ်ယောက်ကိုလှမ်းခေါ်တာမြင်လိုက်သည်။ဒေါသထွက်နေပေမဲ့ချမ်းမွေးနေ့လေးမှာစိတ်မညစ်ရအောင်ထိန်းထားလိုက်သည်။

"ဟုတ်ပါပြီချမ်းကကြောင်ဆိုတော့လဲကြောင်ပေါ့"

Daisy♡
အကြာကြီးပစ်ထားမိပြီးတိုတိုလေးဘဲupမိတာစိတ်မဆိုးကြပါနဲ့နော်။အိမ်ကိစ္စတွေနဲ့ရှုပ်နေလို့ပါ။စောင့်နေတဲ့သူရောရှိပါ့မလားမသိပေမဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။

You can't leave me(Completed)Where stories live. Discover now