Part 20 Unicode

423 21 0
                                    

ချမ်းငြိမ်းငယ်တစ်ကိုယ်လုံးနာကျင်ကိုက်ခဲမှုကြောင့်နိုးလာခဲ့သည်။ဟာဗင်ရီကသူ့ကိုသန့်ရှင်းရေးလုပ်ပေးထားပုံပေါ်သည်။အခုထိထိုအခန်းထဲမှာဘဲရှိနေသေးတာကြောင့်သက်ပြင်းချလိုက်သည်။ခဏကြာတော့ တီ ဆိုတဲ့အသံနဲ့အတူတံခါးပွင့်လာသည်။

"ဗိုက်ဆာနေပြီလားကိုယ်ဆန်ပြုတ်၀ယ်လာတယ်"

ဘာမှပြန်ပြောချင်စိတ်လဲမရှိတာကြောင့်ဟာဗင်ရီကိုလျစ်လျူရှုထားလိုက်သည်။

"မင်းကိုအလိုလိုက်ထားတာများပြီထင်တယ်"

"ငါ့အဘွားရော"

"အာဘွားပေးရင်ပြောပြမယ်"

"စောက်ကောင်"

"အိုကေလေဒါဆိုမပြောဘူး"

"လုပ်ပါကွာအဘွားငါ့ကိုစိတ်ပူနေမှာ"

ဟာဗင်ရီကဘာမှပြန်မပြောဘဲသူ့ကိုမျက်လုံးမှိတ်ပြသည်။အရှေ့ကနေအခွက်ပြောင်နေသေးတဲ့သူကြောင့်စိတ်ရှိတိုင်းသာဆိုဆောင့်ဆွဲလိုက်ပြီဖြစ်သည်။အခုတော့အားမမျှလို့သာညိမ်နေရသည်။

ပြွတ်

သူနမ်းလိုက်တော့ပြုံးချင်သလိုဖြစ်သွားတဲ့မျက်နှာကိုထိန်းလိုက်ကာရုပ်တည်ကြီးနှင့်စကားဆိုလာတာကြောင့်ချမ်းငြိမ်းငယ်စိတ်ထဲကကျိန်ဆဲလိုက်သည်။

"အဟမ်း မင်းအဘွားကိုမပူနဲ့အခုထိသက်ရှိထင်ရှားရှိပါသေးတယ်"

အဘွားအဆင်ပြေတယ်ဆိုမှချမ်းငြိမ်းငယ်စိတ်ထဲပေါ့သွားတော့သည်။အမေတို့မရှိတော့ထဲကအဘွားကသူ့ကိုပြုစုပျိုးထောင်ခဲ့သည်မလို့အဘွားကသူ့အတွက်အမေဆိုလဲမမှားပေ။

"ငါတစ်ကယ်စကားအကောင်းပြောမယ်ဟာဗင်ရီငါတို့ဒီလိုဆက်သွားဖို့ကမဖြစ်နိုင်ဘူးမင်းအခုလိုလုပ်နေသ၍ငါလဲမင်းကိုကြိုက်လာမှာမဟုတ်ဘူး"

"ဘာဖြစ်လို့လဲဟင်ငါ့ဆံပင်ရွှေရောင်တွေပြန်ထွက်လာလို့လားငါအမဲပြန်ဆိုးပါ့မယ်နော်မင်းမိုးကိုစိတ်မကုန်သေးဘူးလားဟင်မင်းငါ့ကိုပြန်ချစ်လာပြီထင်ပြီးငါကပျော်ခဲ့တာ"

You can't leave me(Completed)Where stories live. Discover now