"ချမ်း!"
"ဘာဖြစ်တာလဲငါအပြင်လေးခဏထွက်ပါတယ်မင်းကဆေးရုံရောက်သွားတယ်"
"ကိုယ်ဘာမှမဖြစ်ပါဘူးချမ်းဘယ်သွားတာလဲဟင်ကိုယ့်ကိုယ်ထားသွားတယ်ထင်နေတာ"
"ထားသွားလို့ရရင်ထားခဲ့တာကြာပြီငါ့အဘွားရှိနေလို့"
သူ့ပြောတဲ့စကားမှာဟာဗင်ရီ့အပြုံးပျောက်သွားတာတွေ့လိုက်သည်။
"ဆေးရုံဆင်းလို့ရပြီတဲ့မင်းအိပ်ချိန်စားချိန်မမှန်လို့အားနည်းတာတဲ့ဆေးသွင်းပေးထားတယ်အဲ့တာကုန်ရင်သွားလို့ရပြီ"
"ကိုယ့်ကိုယ်ထားမသွားပါနဲ့လားဟင်"
"မသိဘူး"
"မင်းသာထားသွားရင်ကိုယ်ဘာတွေလုပ်မိမလဲမသိဘူး"
"စကားမများနဲ့အိပ်တော့ပြီးရင်နှိုးလိုက်မယ်"
"ချမ်းလက်လေးကိုင်ပြီးအိပ်ချင်တယ်"
"တော်တော်ရှုပ်တာဘဲရော့မြန်မြန်အိပ်တော့"
လက်ပေးကိုင်လိုက်မှပြုံးပြကာမျက်စိမှိတ်သွားသည်။ချမ်းခေါင်းထဲမှာမိုးနဲ့ဘယ်လိုလုပ်ရမလဲဆိုတာဘဲရှိသည်။
>>>>>>>>>>>>>>>>
"ဟာဗင်ရီဘယ်သွားနေတာလဲ""ကိုယ်တို့တက်ခဲ့တဲ့ကျောင်းကိုလေ"
"ဘာလုပ်မလို့လဲ"
"မင်းနဲ့စတွေ့ခဲ့တဲ့နေရာလေးမှာကျေးဇူးတင်တဲ့အနေနဲ့တစ်ခုခုသွား လှုမလားလို့"
"အခုမှဆေးသွင်းပြီးဆင်းလာတာကားမမောင်းနဲ့ဆိုတော့လဲမောင်းပြန်တယ်အခုလဲကျောင်းသွားဦးမယ်မင်းကတော့ပြောမရဆိုမရ"
"အချစ်ကလဲကြုံတုန်းလေးမလို့ပါ"
ဟာဗင်ရီကိုဘာမှဆက်ပြောမနေတော့ဘဲမျက်စိမှိတ်ပြီးသူမောင်းရာလိုက်သွားလိုက်သည်။
>>>>>>>>>>>>>>>
"ရောက်ပြီချမ်း""အဆောက်အဦးအသစ်တိုးလာတာဘဲ"
"လာကလေးတွေကတော့စာသင်နေမယ်ထင်တယ်"
YOU ARE READING
You can't leave me(Completed)
Misterio / Suspensoမင်းရဲ့မျက်၀န်းလှလှတွေကကိုယ့်ကိုယ်ဘဲကြည့်ရမယ်။ မင်းရဲ့နှုတ်ခမ်းဖျားကကိုယ့်နာမည်ကိုဘဲခေါ်ရမယ်။ မင်းရဲ့အသက်ရှုသံကအစကိုယ့်အတွက်ဘဲဖြစ်ရမယ်။ မင်းရဲ့အရာအားလုံးကကိုယ့်အတွက်ဘဲဖြစ်ရမယ်ချမ်း။ အတ္တကြီးတယ်လို့ဆိုရင်လဲအဲ့တာမင်းကိုသိပ်ချစ်လွန်းလို့ပါ သိပ်ချစ်လွ...