Part 2 Unicode

831 44 0
                                    

"ကိုယ်တွေပူကျစ်နေတာကိုဘာလို့ကျောင်းလာတာလဲ"

"မင်းစောင့်နေမယ်ဆိုလို့"

"မင်းနေမကောင်းလို့မလာတာဆိုရင်ငါနားလည်ပါတယ် နောက်တစ်ခါနေမကောင်းရင်အိမ်မှာနေနော်"

"အင်းပါငါအိမ်စာတွေလုပ်ခဲ့တယ်"

"နေမကောင်းဖြစ်နေတာတောင်လုပ်ခဲ့ပေးတာလားဟာဗင်ရီကတော်လိုက်တာ"

ဟာဗင်ရီကရုတ်တရက်ခေါင်းကိုအရှေ့တိုး၍ငုံ့လာသည်။အစကသူနားမလည်ပေမဲ့နောက်တော့ဘာလုပ်ပေးစေချင်တာလဲသိသွားတာကြောင့်‌ဟာဗင်ရီ့ရဲ့ခေါင်းကိုညင်သာစွာပွတ်ပေးလိုက်သည်။

"နေ့တိုင်းငါအိမ်စာလုပ်ခဲ့မယ်"

"ဟုတ်ပါပြီမင်းကကလေးကျနေတာဘဲ"

"ချမ်းငြိမ်းငယ်ငါ့ကိုဒါလေးရှင်းပြပါလားငါစဥ်းစားရင်းခေါင်းမီးလောင်တော့မယ်"

ဟာဗင်ရီနဲ့စကားပြောနေရင်းအတန်းထဲကမိန်းကလေးတစ်ယောက်ကလှမ်းခေါ်တာတာကြောင့်ချမ်းငြိမ်းငယ်ထ၍မိန်းကလေးဆီသွားရန်ပြင်လိုက်သည်။

"ဘယ်သွားမလို့လဲမင်းထိုင်နေချမ်းငါသွားမယ်"

ထိုမိန်းကလေးရောသူရောဟာဗင်ရီကိုကြောင်ကြည့်နေမိသည်။ဟာဗင်ရီကဂရုမစိုက်စွာသူ့ကိုစာရှင်းဖို့လှမ်းခေါ်တဲ့ကောင်မလေးနားသွား၍စာရှင်းပြနေသည်။ထိုမိန်းကလေးနားလည်မလည်တော့မသိဟာဗင်ရီကသူ့ဘာသူပြောပြပြီးတာနဲ့ခပ်တည်တည်ချမ်းငြိမ်းငယ်အနားကိုပြန်ရောက်လာသည်။

"ဘာတွေကြောင်ကြည့်နေတာလဲ"

"မင်းကစာတော်တာကိုဘာလို့စာမေးပွဲခဏဏကျနေတာလဲ"

"မဖြေချင်လို့အိပ်နေတာ"

ချမ်းငြိမ်းငယ်ပြောစရာစကားတောင်ပျောက်သွားသည်။ချမ်းငြိမ်းငယ်ကတော့စာမေးပွဲကျဖို့မပြောနဲ့အမှတ်နည်းနည်းလျော့ရင်တောင်သေမလိုဖြစ်နေတာဖြစ်သည်။

"ဟမ်မင်းအိမ်ကမဆူဘူးလား"

"သူတို့ကငါ့ကိုတောင်ဂရုစိုက်တာမဟုတ်ဘူး""

ချမ်းငြိမ်းငယ်မေးမိတဲ့ပါးစပ်ကိုကျိန်ဆဲလိုက်မိသည်။

"သူတို့ဂရုမစိုက်လဲနေပေါ့ငါရှိတာဘဲငါဂရုစိုက်မှာပေါ့"

You can't leave me(Completed)Where stories live. Discover now