Part 21 Unicode

339 19 0
                                    

"ထမင်းလေးစားပါနော်"

"ငါမစားချင်ဘူးလို့ပြောနေတယ်လေ!"

"မရဘူးစားရမယ်လေချမ်းရယ်"

ဘယ်သူကဒီလိုအချိန်မှာထမင်းကိုအေးဆေးစားနေနိုင်မှာလဲအဲ့ဒါကိုဟာဗင်ရီတစ်ယောက်ထမင်းစားဖို့သူ့ကိုချော့နေတာတစ်နာရီလောက်ရှိနေပြီဖြစ်သည်။ဟာဗင်ရီ့ပုံကြည့်ရတာညကမအိပ်ဘူးထင်ပါရဲ့မျက်ကွင်းတွေကညိုနေသည်။နွေရာသီကြီးကိုလဲအနွေးထည်က၀တ်ထားသေးသည်။

"ကိုယ်အရင်လိုအတင်းအကြပ်မလုပ်တော့ပါဘူးထမင်းလေးတော့စားပေးပါနော်"

"မစားဘူးဆိုမစားဘူးဘဲပြန်ယူသွား"

ဟာဗင်ရီမျက်ရည်တွေဝဲနေတာကိုမြင်ရသည်။ဒါပေမဲ့လုံး၀အလျှော့မပေးနိုင်ပါ။

"ထမင်းကုန်အောင်စားရင်အဘွားနဲ့ဖုန်းပြောခိုင်းမယ်လေဒါပေမဲ့ကိုယ်ကတော့ကြည့်နေမှာနော်"

"မင်းတစ်ကယ်ပြောနေတာလား"

"အင်းကိုယ်မလိမ်ပါဘူးကိုယ်ခွံ့ကျွေးမယ်နော်"

"မြန်မြန်ကျွေးငါအဘွားနဲ့ပြောချင်နေပြီ"

အခုမှအရှေ့ကကိုယ်တော်ချောကပြုံးလာတော့သည်။

"ဟင်းငါကြက်ကြော်ဘဲစားမှာနော်အရွက်ကြီးမကြိုက်ဘူး"

"အရွက်ကစားပေးရမယ်လေနည်းနည်းတော့"

"မစားချင်ဘူး"

"ကောင်းပါပြီဟကောင်းလား"

"မကောင်းဘူး"

ဗိုက်ဆာနေလို့တော်တော်ကောင်းပေမဲ့ဟာဗင်ရီကိုအမြင်ကပ်လို့မကောင်းဘူးလို့ပြောလိုက်သည်။

"ဟုတ်လား ကိုယ်နောက်တစ်ခါကောင်းအောင်ကြော်ပေးမယ်နော်ပထမဆုံးမလို့"

"ဟိုအန်တီကြီးရှိတာကိုဘာလို့မင်းကကြော်တာလဲ"

"ချမ်းစားမှာကိုကိုယ်တိုင်လုပ်ပေးချင်လို့ဒါနဲ့ဒီမှာစာအုပ်လေးတွေ၀ယ်လာတယ်ပျင်းနေမှာဆိုးလို့"

ဟာဗင်ရီကိုဂရုမစိုက်‌စွာရှေ့ကစာအုပ်တွေထဲကတစ်အုပ်ကိုရွေးကာကောက်ဖတ်နေလိုက်သည်။ခဏ‌နေတော့ဖတ်နေရင်းရယ်သံကြားလိုက်တာကြောင့်

You can't leave me(Completed)Where stories live. Discover now