Part 5 Unicode

749 39 0
                                    

"ကို‌ကလဲကြာလိုက်တာမိုးကစောင့်နေတာကို"

"ဆောရီးမိုး ကိုယ်ကားပိတ်နေလို့"

"ဟွန့်အမြဲအဲ့လိုဘဲ"

ချမ်းငြိမ်းငယ်သူ့အရှေ့ကကောင်မလေးကိုကြည့်၍ပြုံးနေမိသည်။မိုးစက်ဖြူနဲ့သူနဲ့ရည်းစားတွေဖြစ်တာတစ်နှစ်လောက်ရှိပြီဖြစ်သည်။

"မနက်ဖြန်ကို့မွေးနေ့မလားမိုးတို့ဘုရားသွားကြမလား"

"မိုးသဘောပါဗျာ"

မိုးနဲ့တစ်နေကုန်လျှောက်သွားပြီးအိမ်ပြန်လာတော့လူကအတော်ကိုပင်ပန်းနေပြီဖြစ်သည်။အိပ်ခါနီးသူ့ရဲ့ငယ်သူငယ်ချင်းလေးဟာဗင်ရီကိုတွေးမိသည်။မနက်ဖြန်ဆိုချမ်းတောင်၁၉နှစ်ပြည့်တော့မည်ဟာဗင်ရီနဲ့အဆက်အသွယ်မရပေ။

မရဆိုသူတို့၈တန်းတုန်းကsocial media ဆိုတာကိုချမ်းငြိမ်းငယ်မသုံးဖြစ်သေးပါ။ဆက်သွယ်ဖို့ဖုန်းနံပါတ်သာရှိခဲ့ကြသည်။ဖြစ်ချင်တော့ဟာဗင်ရီထွက်သွားတဲ့နေ့မှာတင်ဟိုဘက်အိမ်ကကလေးကအိမ်ကိုလာလည်၍ချမ်းမသိတုန်းဖုန်းကိုယူဆော့နေကာအိမ်သာထဲကိုပစ်ချလိုက်သည်။

ကလေးအမေကလဲတောင်းပန်၍ကလေးကလဲနားမလည်သေးတဲ့အရွယ်မလို့ဘာမှမပြောဘဲထားလိုက်သည်။အဘွားကလဲအသစ်ပြန်၀ယ်ပေးခဲ့ပေမဲ့ဟာဗင်ရီရဲ့ဖုန်းနံပါတ်ကိုသူမှအလွတ်မရတာဟာဗင်ရီကိုလဲပျက်သွားတဲ့သူ့ရဲ့ဖုန်းနံပါတ်သာပေးထားခဲ့သည်မလို့သူတို့နှစ်ယောက်အဆက်အသွယ်လုံး၀ပျက်သွားခဲ့သည်။ချမ်းငြိမ်းငယ်သက်ပြင်းသာချ၍အိပ်ဖို့ကြိုးစားလိုက်တော့သည်။
>>>>>>>>>>>>>>>>
"Boss ကော်ဖီရပါပြီ"

"ကျစ် ညံ့လိုက်တာပြန်ဖျော်ခဲ့"

အတွင်းရေးမှုးမလေးမှာကြောက်လန့်စွာခပ်မြန်မြန်ခွက်ကိုပြန်ယူ၍ကော်ဖီပြန်ဖျော်ရပြန်သည်။

"John have you done what I asked you to do?"
"John ငါလုပ်ခိုင်းထားတာတွေလုပ်ပြီးပြီလား"

"Yes boss"

ဟာဗင်ရီကအသိအမှတ်ပြုတဲ့အနေဖြင့်ခေါင်းညိမ့်ပြလိုက်သည်။Johnကလဲလုပ်စရာရှိတာလုပ်ဖို့ထွက်သွားသည်။

You can't leave me(Completed)Where stories live. Discover now