Part 8 Unicode

712 35 0
                                    

"ချမ်းထွက်ပြေးဖို့မစဉ်းစားနဲ့နော်မင်းထွက်ပြေးတာနဲ့အဘွားကိုမင်းထပ်မတွေ့နိုင်အောင်လုပ်ပြမယ်"

"ဟာဗင်ရီ! မင်းအဘွားကိုတော့လွှတ်ထားပေးစမ်းပါ"

"မင်းအပေါ်မူတည်တယ်"

လေဆိပ်ရောက်တော့လူတွေအများကြီ‌ကိုတွေ့လို့အကူအညီအော်တောင်းချင်ပေမဲ့ဟာဗင်ရီကိုသူကြောက်သည်။နောက်ဆုံးတော့လဲကြောက်စိတ်ကြောင့်ငြိမ်ပြီးသာလိုက်သွားရသည်။

"ဟိတ်မင်းချမ်းငြိမ်းငယ်မလား"

ချမ်းနာမည်ခေါ်တာကြားတာကြောင့်လှည့်ကြည့်လိုက်မိသည်။

"ဟင်ဘယ်သူလဲ"

"ဟာ ငါဟိန်းခန့်လေဒါနဲ့ဒါဟာဗင်ရီလား"

သူပြောမှဟာဗင်ရီရှိနေတာကိုပြန်သတိရပြီးလန့်သွားသည်။

"‌ချမ်းသွားမယ်"

"နေပါဦးမင်းတို့ကလဲချေလိုက်တာကျောင်းတို့ကကိစ္စစိတ်ဆိုးနေတုန်းလား"

ဟိန်းခန့်တို့အဖွဲ့ရဲ့ရန်စမှုကြောင့်ချမ်းငြိမ်းငယ်နဲ့ဟာဗင်ရီခင်ခဲ့မိကြသည်။

"အော်အင်းမတွေ့ရတာကြာပြီနော်"

ဟိုအတင်းခေါ်နေတာကြောင့်အားနာလို့ချမ်းပြန်ဖြေလိုက်မိသည်။ဟာဗင်ရီကတော့သူ့လက်ကိုတင်းကြပ်စွာကိုင်ထားသည်။

"မင်းတို့နှစ်ယောက်ပေါင်းတုန်းလားငါတောင်ကျောင်းတုန်းကကောင်တွေနဲ့မဆုံတော့ဘူး"

"သူငယ်ချင်းမဟုတ်ဘူးငါကသူ့ယောင်္ကျားလာချမ်းသွားမယ်"

ဟိန်းခန့်ကတော့အံ့ဩသွားပြီးကြောင်တောင်တောင်ကြီးကျန်ခဲ့သည်။ချမ်းကဟာဗင်ရီအဲ့လိုပြောမယ်လို့မထင်ခဲ့ပါ။ရှက်လဲရှက်မိသလိုစိတ်လဲဆိုးမိသည်။

"ဟာဗင်ရီ!ငါတို့ကဘာမှမဆိုင်ဘူးလေမင်းဘာလို့မဟုတ်တာတွေပြောနေတာလဲ"

"မင်းကိုသနားလို့ဘာမှမလုပ်တာကိုအကောင်းမှတ်မနေနဲ့အခုလုပ်ချင်ရင်တောင်လုပ်လို့ရတယ်"

"မင်း!ပြောလေရိုင်းလေဘဲ"

"လေယာဉ်ပေါ်မှာမဟုတ်တာလုပ်ဖို့မစဉ်းစားနဲ့နော်"

You can't leave me(Completed)Where stories live. Discover now