Part 6 Unicode

634 33 0
                                    

"ဟာဗင်ရီဒါ‌ငါ့ကောင်မလေး"

"တွေ့ရတာ၀မ်းသာပါတယ်အကိုကျွန်မကမိုးစက်ဖြူပါ"

ဟာဗင်ရီကပြန်မပြုံးပြသလိုဘာစကားမှလဲမ‌ပြောပါခေါင်းသာငြိမ့်ပြသည်။ချမ်းလဲမိုးကိုအားနာတာကြောင့်

"မိုးရေဟာဗင်ရီက‌အနေအေးတယ်စိတ်ထဲမထားနဲ့နော်"

"မိုးကရပါတယ်"

မိုးလဲချမ်းငြိမ်းငယ်ရဲ့လက်လေးကိုအသာကိုင်ကာပြုံးပြလိုက်သည်။

"ငါအလုပ်ရှိလို့ပြန်ပြီ"

ဟာဗင်ရီရဲ့အသံကဒေါသထွက်နေတဲ့ပုံပေါက်နေသည်။ချမ်းရောမိုးရောခဏလောက်ကြောင်ကာကြည့်နေမိပြီးမှနှုတ်ဆက်လိုက်သည်။

"မင်းမအားဘူးထင်တယ်ဆောရီးနော်နောက်မှသေချာမိတ်ဆက်ပေးမယ်"

ဟာဗင်ရီထွက်သွားတော့မိုးကစကားစလာသည်။

"ကို့သူငယ်ချင်းကမိုးကိုသဘောမကျလို့လားထွက်သွားခါနီးတုန်းကလဲကြည့်သွားတာကြောက်စရာကြီး"

"အဲ့လိုမဟုတ်လောက်ပါဘူးမိုးရယ်သူကအဲ့လိုပါဘဲ"

ချမ်းငြိမ်းငယ်လဲသတိထားမိပေမဲ့မိုးစိတ်ချမ်းသာအောင်လိမ်ပြောလိုက်သည်။

"ဒါနဲ့မိုးနောက်လစေ့စပ်ပြီးရင်ဘယ်ချိန်လောက်လပ်ထပ်ကြမလဲ"

"အသက်၂၃လောက်ပေါ့အခုကငယ်သေးတယ်လေ"

"အင်းအဲ့တာလဲဟုတ်ပါတယ်ကိုယ်တော့မိုးနဲ့လက်ထပ်ချင်နေပြီ"

ဟာဗင်ရီထွက်သွားတော့မိုးစက်ဖြူနဲ့ချမ်းငြိမ်းငယ်လဲမှာထားတဲ့မုန့်တွေဆက်စားပြီးတော့အိမ်ပြန်ခဲ့ကြသည်။

"ကိုမိုးဒီနားမှာဘဲဆင်းတော့မယ်"

"ခဏနေမှောင်တော့မှာဘယ်မှမသွားနဲ့တော့နော်"

"ဟုတ်ကဲ့ပါကိုရဲ့မိုး၀င်စရာရှိလို့"

"ဒါဆိုကိုသွားပြီဂရုစိုက်ပြန်နော်"
>>>>>>>>>>>>>>>>>>>>
"ကျစ် ဖုန်းကိုင်စမ်းပါကွာ"

မနက်စောစောစီးစီးမိုးနဲ့တစ်ခြားယောင်္ကျားလေးတစ်ယောက်အိပ်ယာပေါ်ကပုံတွေကိုအမည်မသိတဲ့လူတစ်ယောက်ပို့လာတာကြောင့်ချမ်းငြိမ်းငယ်ဒေါသထွက်နေမိသည်။နောက်ဆုံးတော့မိုးကိုလိုက်ရှာဖို့ဘဲတွေးလိုက်သည်။

You can't leave me(Completed)Where stories live. Discover now