Part 1
ထိုနေ့ကမိုးတွေသည်းထန်စွာရွာသွန်းနေသည်။ဒီနေ့grade-8(A)မှာဆရာမမလာသောကြောင့်ကျောင်းသူကျောင်းသားတွေကစကားပြောသူကပြောဆော့တဲ့သူကဆော့ဖြင့်ပျော်ရွှင်နေကြသည်။အဲ့ထဲမှာမှဘယ်သူနဲ့မှစကားပြောခြင်းမရှိဘဲတစ်ယောက်ထဲနေတတ်တဲ့ကျောင်းသားတစ်ယောက်ရှိသည်။
"အဲ့ကောင်လေသူ့ကိုသူဘာထင်နေလဲမသိဘူးဘယ်သူနဲ့မှစကားကိုမပြောဘူး"
"ငါဆိုကြည့်မရတာကြာနေပြီ"
"ရုပ်ကိုကတစ်ကမ္ဘာလုံးသူ့လုပ်စာထိုင်စားနေရတဲ့ရုပ်နဲ့"
"နင်တို့ကလဲအဲ့လောက်မပြောပါနဲ့သူကချောချောလေးဟနင်တို့ဘာသာမနာလိုဖြစ်နေတာ"
"နင်တို့မိန်းကလေးတွေငြိမ်ငြိမ်နေစမ်းပါ"
ချမ်းငြိမ်းငယ်စာလုပ်နေရင်းကျောင်းသားတစ်ချို့နဲ့မိန်းကလေးတစ်ချို့စကားသံတွေကြားတာကြောင့်ကြည့်လိုက်မိသည်။ထိုကျောင်းသားအဖွဲ့ကနောက်ဆုံးတန်းကကောင်လေးကိုပြောနေတာဖြစ်သည်။ထိုကောင်လေးကလဲသူတို့ကိုဂရုမစိုက်ဘဲခုံပေါ်မှောက်အိပ်နေသည်။
စကားပြောနေရင်းနဲ့သူတို့အဖွဲ့ကကောင်လေးနားကိုသွားနေတာမြင်တာကြောင့်ထိုင်ခုံကနေအမြန်ထလိုက်ရသည်။ချမ်းငြိမ်းငယ်ကအတန်းခေါင်းဆောင်မလို့မဖြစ်သင့်တာမဖြစ်အောင်တားရမည်။
"သူကမင်းတို့ကိုဘာလုပ်နေလို့ရန်ရှာနေတာလဲ"
"မင်းနဲ့ဘာဆိုင်လဲအတန်းခေါင်းဆောင်လဲကြောက်မနေဘူးနော်"
"သူကငါ့ရဲ့သူငယ်ချင်းမလို့ငါနဲ့ဆိုင်တယ်မင်းတို့သွားမှာလားမသွားဘူးလားငါရုံးခန်းသွားတိုင်တော့မှာနော်"
ထိုအခါမှသူနဲ့ထိုကောင်လေးကိုဆဲဆိုကာထွက်သွားကြတော့သည်။ချမ်းငြိမ်းငယ်လဲသက်ပြင်းချကာအနောက်လှည့်ကြည့်တော့ထိုကောင်လေးကသူကိုစိုက်ကြည့်နေသည်။
"ဟေးမင်းနိုးနေတာလားဘာမှမဖြစ်ဘူးသူတို့ကအဲ့လိုဘဲသတိထားပေါ့ကွာ"
"သူငယ်ချင်းလား..."
"ဟင်ဘယ်သူလဲ"
"မင်းနဲ့ငါ"
YOU ARE READING
You can't leave me(Completed)
Gizem / Gerilimမင်းရဲ့မျက်၀န်းလှလှတွေကကိုယ့်ကိုယ်ဘဲကြည့်ရမယ်။ မင်းရဲ့နှုတ်ခမ်းဖျားကကိုယ့်နာမည်ကိုဘဲခေါ်ရမယ်။ မင်းရဲ့အသက်ရှုသံကအစကိုယ့်အတွက်ဘဲဖြစ်ရမယ်။ မင်းရဲ့အရာအားလုံးကကိုယ့်အတွက်ဘဲဖြစ်ရမယ်ချမ်း။ အတ္တကြီးတယ်လို့ဆိုရင်လဲအဲ့တာမင်းကိုသိပ်ချစ်လွန်းလို့ပါ သိပ်ချစ်လွ...