Part 19 Unicode⚠️

544 21 0
                                    

Warning⚠️

*ဒီအပိုင်းကအနည်းငယ်အသုံးအနှုန်းရိုင်းတာကြောင့်အသက်မပြည့်သူတွေမဖတ်သင့်ပါ*

အိမ်သာသွားချင်လာတာကြောင့်ညသန်းခေါင်ကြီးချမ်းနိုးလာသည်။ဟာဗင်ရီကိုနှိုးချင်ပေမဲ့ပင်ပန်းနေမှာဆိုးလို့မနှိုးတော့ဘဲကိုယ့်ဘာသာကုတင်းစောင်းကိုဖြည်းဖြည်းချင်းအကူအညီယူ၍ဝှီးချဲပေါ်တက်လိုက်သည်။ဟာဗင်ရီကကုတင်ဘေးမှာဝှီးချဲကိုထားထားပေးလို့တော်သေးသည်။

အသံမထွက်အောင်ဖြည်းဖြည်းချင်းအိမ်သာထဲ၀င်ကာကိစ္စရှင်းလိုက်သည်။ပြန်လဲမအိပ်ချင်တော့တာနဲ့အခန်းပြင်ကိုထွက်လာလိုက်သည်။ချမ်းဒီအိမ်မှာနေနေတာတစ်လလောက်ရှိပြီဖြစ်ပေမဲ့နေရာအစုံမရောက်ဘူးသေးပေ။အိမ်ကလဲကျယ်လွန်းတာပါမည်။ချမ်းလဲအတွေးထဲအရင်ကဟာဗင်ရီကမ၀င်ဖို့ပြောထားတဲ့အခန်းထဲ၀င်ဖို့အကြံပေါ်လာသည်။

"ဟမ်"

၀င်၀င်ချင်းချမ်းရဲ့ပုံတွေပြည့်နေတဲ့အခန်းကိုတွေ့လိုက်မိသည်။ပုံတွေကချမ်းကိုယ့်ဘာသာရိုက်ထားသလိုမဟုတ်ဘဲသူများကနောက်ကနေလိုက်ရိုက်ထားသလိုမျိုးဖြစ်သည်။စိတ်‌လျှော့ကာစားပွဲပေါ်ကစာအုပ်အမည်းလေးကိုကိုင်ကာယူဖတ်လိုက်သည်။ချမ်းလဲဖတ်ပြီးတော်တော်လန့်သွားကာခေါင်းတွေပါကိုက်လာသည်။

ဘုန်း

"မင်း ဟာဗင်....."

တံခါးပိတ်ချလိုက်သံအကျယ်ကြီးနှင့်အတူချမ်းလဲမေ့လဲသွားတော့သည်။ချမ်းနောက်ဆုံးမြင်လိုက်ရတာဟာဗင်ရီရဲ့အသက်မရှိတော့သလိုမျက်နှာဖြစ်သည်။
>>>>>>>>>>>>>>>>>>>>
အာ့

အိပ်ခန်းလဲမဟုတ်သလိုဆေးရုံလဲမဟုတ်တဲ့နေရာတစ်ခုမှာချမ်းရောက်နေသည်။တစ်ကိုယ်လုံးမှာလဲအောက်ခံဘောင်းဘီတစ်ထည်သာရှိသည်။ချမ်း‌ခြေထောက်ကိုလဲသံကြိုးနဲ့ခွာမရအောင်လုပ်ထားသည်။နောက်ဆုံးတော့သူမှတ်မိခဲ့ပြီချမ်းနဲ့ဟာဗင်ရီရဲ့ဆက်ဆံရေးကို။

"နိုးပြီလား"

"ဟာဗင်ရီ!ငါ့ကိုလွှတ်ပေးပါနော်"

You can't leave me(Completed)Where stories live. Discover now