Chapter 6_U

9.9K 878 83
                                    

ဒီနေ့မှာတော့ ဟန်လေးတစ်ယောက် ခါတိုင်းနှင့် မတူစွာ ရင်သွေးအိမ်ကိုသွားဖို့ ပြင်ဆင်ချိန်က ခါတိုင်းထက်ပိုကြာနေ၏။

အခန်းထဲရှိ မွေ့ယာပေါ်တွင်လည်း အဝတ်များက တောင်ပုံရာပုံ။

ဗီရိုထဲမှ တစ်ထည်ပြီးတစ်ထည်ပြီး ဝတ်ကြည့်ရင်း စိတ်တိုင်းမကျလိုက် ချွတ်ပြီး ပုံလိုက်ဖြင့် ဤကဲ့သို့ ပုံသွားတာပင်။

နောက်ဆုံးတော့ အဖြူရောင်ရှပ်အင်္ကျီလက်ရှည်နှင့် အညိုရောင် စတိုင်ပန့်ကို တွဲဖက်ဝတ်ဆင်လိုက်ပြီးမှ စိတ်တိုင်းကျသွားတော့သည်။

အားလုံးပြင်ဆင်ပြီးနောက် မှန်ကိုသေချာကြည့်လိုက်ပြီး စိတ်တိုင်းကျသွားတော့ ပြုံးလိုက်ကာ အခန်းအပြင်သို့ထွက်ရန်ပြင်၏။

အခန်းအပြင်ရောက်မှ ကုတင်ကိုပြန်ကြည့်မိပြီး သက်ပြင်းချလိုက်သည်။

ညနေပြန်ရောက်မှပဲ ထိုအဝတ်ပုံကိုရှင်းတော့မည်။

အခုတော့ အချိန်မမှီတော့။

မနက်စာစားပြီးတာနှင့် အလုပ်ကိုတန်းသွားရတော့မှာပင်။

ထမင်းစားဝိုင်းသို့ရောက်တော့ လူစုံနေကြပြီဖြစ်ပြီး မနက်စာကတော့ အုန်းနို့ခေါက်ဆွဲသာ။

မနက်စာစားပြီးနောက်တွင်တော့ ဟန်လေးလည်း ကားမောင်းကာ အလုပ်သို့ထွက်လာတော့၏။

အလုပ်သို့ရောက်တာနှင့် ထပ်တိုးကျောင်းသားသစ်များကိစ္စ၊ ကျောင်းဆောင်အသစ်တိုးချဲ့ရေး နှင့် ဆရာ၊ ဆရာမ အသစ်ထပ်ခန့်အရန်အတွက် စီစဉ်ဆောင်ရွက်ရသည်မို့ ဟန်လေး အလုပ်ထဲသို့ ဈာန်ဝင်သွားသည်။

"ကိုဟန်မင်းမောင် ဧည့်သည်လာတယ်"

ဆရာမလေး မဖူးပွင့်အောင်က ဟန်လေး၏ရုံးခန်းအပေါက်ဝမှလှမ်းပြောလာသည်။

အခန်းအပေါက်ဝမှ အသံကြားတာမို့ ဟန်လေးကြည့်မိလိုက်တော့ ဆရာမလေးနောက်မှ ကိုစောသီဟမောင်ကို လှမ်းမြင်လိုက်သည်။

"ဝင်ခဲ့လေ ကိုစောသီဟမောင်"

ဟန်လေးက လုပ်လက်စအလုပ်များကိုရပ်တန့်ကာ မတ်တပ်ရပ်လိုက်ပြီး စောသီဟမောင်အားကြိုဆိုလိုက်၏။

Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]Where stories live. Discover now