2.2K 267 80
၂၀.၅.၂၀၂၂ မှာ ကိုယ် "အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း" ကို စတင်ရေးခဲ့ပြီး အဲနေ့မှာပဲ ကိုယ်ဟာ အပျော်တမ်းစာရေးသူဘဝထဲကို ခြေစလှမ်းခဲ့ပါတယ်။
ဒီနေ့ ၂၀.၅.၂၀၂၃ မှာ ကိုယ့်ရဲ့ အပျော်တမ်းစာရေးသူသက်တမ်းတစ်နှစ်ပြည့်ပြီဖြစ်ပြီး တစ်နှစ်ဆိုတဲ့ကာလထဲမှာ "အသုံးမကျသော အိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း" နဲ့ "မြင်းလှည်းသမားရဲ့ခင်ပွန်းလေး" ဆိုတဲ့ Fiction နှစ်ပုဒ်ကို ပြီးမြောက်အောင် ရေးနိုင်ခဲ့ပါတယ်။
လေနည်းနည်းရှည်ပါရစေ။
ကိုယ်စာစရေးဖို့ စိတ်ကူးပေါက်သွားခဲ့တာက စီလုတ်ဝတ္ထုတစ်ခုကိုဖတ်ပြီးတော့။
အဲဝတ္ထုက ကျင့်ကြံရေးဝတ္ထုတစ်ပုဒ်။
အဲဝတ္ထုထဲမှာ Seme က ကိုယ့်ကလေးတွေပါရောင်းစားဖို့ကြံနေတဲ့ လောင်းကစားသမားကိုယ်ထဲကိုကူးပြောင်းသွားတာ။
ကိုယ်ဖတ်လိုက်ခြင်းခြင်းပဲ ...ဟာ ဒါမျိုးလေးကို ဒီဘက်ခေတ်ပုံစံလေးနဲ့ ဖတ်ရရင်ကောင်းမှာပဲပေါ့။
ကိုယ်လိုက်ရှာသေးတယ်။ မတွေ့တာနဲ့ ကိုယ့်ဘာသာရေးဖို့ ဆုံးဖြတ်လိုက်တော့တာပဲ။
အပျော်တမ်းစာရေးသူဘဝထဲကို စဝင်လာတာ အဲလိုအတွေးနဲ့ပါပဲ။
ကိုယ်ဖတ်ဖို့ကိုယ်ရေးတာ ဟီးဟီး။
အဲလိုနဲ့ကိုယ် "အသုံးမကျသော အိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ကူးပြောင်းခြင်း" ကို စတင်ရေးခဲ့တယ်။
သိကြတဲ့အတိုင်း ကိုယ်က လောင်တာမကြိုက်၊ ခွေးစာများများနဲ့ အားတိုင်းရိုတာကြိုက်တာကိုး။
အဲတော့ ခွေးစာများများနဲ့ စိတ်ပျော်ရွှင်စရာလေးဖြစ်အောင် ဖန်တီးခဲ့တယ်။
အစပိုင်းကတော့ အပိုင်းတိုတိုလေးတွေတင်တာ။
အခုကိုယ်တင်နေကြ အပိုင်းတစ်ခုရဲ့ တစ်ဝက်ပဲရှိတယ်။
စာစရေးတာဆိုတော့ မသိသေးဘူးလေ။
စာလုံးအရေအတွက်ကအစ ဘယ်လောက်ထားရမလဲကောင်းကောင်းမသိသေးဘူး။
Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]Where stories live. Discover now