Chapter 18.2_U 🚨🚨

9.1K 556 36
                                    

Warning - ဤအပိုင်းတွင် လိင်ဆက်ဆံမှုနှင့်သက်ဆိုင်သည့် စကားအသုံးအနှုန်းများ၊ ကိစ္စရပ်များသာပါဝင်တာကြောင့် အသက်မပြည့်သေးသူများ၊ အမှောင်/မီးနီ မကြိုက်သူများ မဖတ်ပါနှင့်။

ဇာတ်ကြောင်းနှင့် သက်ဆိုင်သည့်အကြောင်းအရာများမပါပဲ မီးနီအခန်း သက်သက်သာဖြစ်ပါတယ်။

ကောင်းကင်ယံက နီမြန်းနေပြီး သာယာလှပသည့်နေးလ်မြို့တစ်ခုလုံး၏ ညနေခင်းအား ပိုမိုလှပလာစေရန်စွမ်းဆောင်လို့နေ၏။

ညနေ ၅ နာရီမှစထွက်သည့် နေးလ်မြို့လည်ခေါင်မှ ညဈေးတန်းတွင်တော့ မုန့်ဆိုင်ငယ်လေးများ စတင်ခင်းကျင်းနေကြပြီဖြစ်သည်။

နေးလ်မြို့မှာ ကမ္ဘာလှည့်ခရီးသွားများအကြားနာမည်ကြီးသည့် မြို့ကြီးတစ်မြို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နေသည့် နေးလ်မြို့၏အထင်ကရနေရာကတော့ အလွန်သာယာလှပပြီး လူတိုင်း၏စိတ်အစဉ်ကိုဆွဲဆောင်နိုင်လွန်းသည့် နေလ်းရေတံခွန်ကြီးသာဖြစ်သည်။

နေ့လည်ခင်းပိုင်း နေးလ်ရေတံခွန်ကြီးထံသို့သွားရောက်လည်ပတ်ပြီးသွားသည့် သွင်မင်းခန့်ညားတို့ ကြင်စဦးလင်ခင်ပွန်းနှစ်ယောက်မှာတော့ တနေကုန် နေးလ်ရေတံခွန်ကြီးထံသို့သွားရောက်လည်ပတ်ကာ ရေဆော့ကစားခဲ့ကြပြီး လက်ရှိတွင်တော့ နေးလ်ရေတံခွန်ကြီးနှင့် မျက်နှာချင်းဆိုင် တောင်ထိပ်ပေါ်တွင် ဆောက်လုပ်ထားသည့် Hotel ထံသို့ ပြန်လည်ရောက်ရှိနေကြပြီဖြစ်သည်။

သွင်မင်းတို့လင်ခင်ပွန်းနှစ်ယောက် ဟန်းနီးမွန်းခရီးစဉ်အဖြစ် နေးလ်မြို့ကိုရွေးချယ်ခဲ့တာဖြစ်ပြီး ဒီမနက်ခင်းကတည်းက နေးလ်မြို့သို့ရောက်ရှိနေတာပင်။

တက်ကြွနေသည့် ကိုသုခဘုန်းမိုရ်က ဟိုတယ်တွင် တစ်နာရီခန့်သာ အိပ်စက်အနားယူပြီး နေးလ်ရေတံခွန်ထံသို့ သူ့ယောက်ျားဖြစ်သူကို ခေါ်ကာ သွားရောက်လည်ပတ်တော့သည်။

နေးလ်ရေတံခွန်သို့သွားရောက်လည်ပတ်ပြီးနောက် သုခဘုန်းမိုရ်တို့က ဟိုတယ်သို့ပြန်လာကာ ညနေစာစားပြီး သုခဘုန်းမိုရ်၏ "ပင်ပန်းတာကြောင့် နားပါရစေဦးမောင်ရယ်" ဟူသော ခွင့်တောင်းမှုအောက်တွင် သွင်မင်းခန့်ညားတစ်ယောက် မကျေမနပ်ဖြင့် သုခဘုန်းမိုရ်အား ညနေပိုင်းကတည်းက အိပ်ခွင့်ပေးလိုက်ရပြန်သည်။

Non-Expired Love(မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး - ဒုတိယတွဲ)[Completed]Where stories live. Discover now